သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-04-15
ဒီနှစ်သြင်္ကန်အကြိုနေ့ကနေ ပထမ အကြတ်နေ့အထိ ရန်ကုန်ဆေးရုံကြီးကို ထိခိုက်ဒဏ်ရာတွေကြောင့် ရောက်ရှိလာတဲ့ လူနာပေါင်း ၅ဝဝ နီးပါးလောက်ရှိတယ်လို့ ရန်ကုန်ဆေးရုံအုပ်ကြီး က ပြောပါတယ်။
2016-04-15
နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌ ဦးကျော်သူ ဦးဆောင်တဲ့အဖွဲ့ဟာ ပြည်သူတွေ စည်းကမ်းမဲ့ အမှိုက်မပစ်ဖို့လှုံ့ဆော်ရေး အစီအစဉ်အနေနဲ့ ရန်ကုန်မြို့တွင်းမှာ ဒီကနေ့ အမှိုက်တွေကို လိုက်ကောက်ကြပါတယ်။
2016-04-14
သြစတြေးလျနိုင်ငံရဲ့ အကြီးဆုံး စွမ်းအင် ရှာဖွေ ထုတ်ယူရေးကုမ္ပဏီဖြစ်တဲ့ Woodside ကုမ္ပဏီဟာ မြန်မာ့ ကမ်းလွန်ပင်လယ်ပြင် လုပ်ကွက်တွေကနေတွေ့ရှိထားတဲ့ သဘာဝဓါတ်ငွေ့တွေကို တရုတ် (ဒါမှမဟုတ်) ထိုင်းနိုင်ငံကို တင်ပို့ဖို့ စဉ်းစားနေကြောင်း ကုမ္ပဏီတာဝန်ရှိသူက ပြောပါတယ်။
2016-04-14
မြန်မာ့နှစ်သစ်ကူး အခါသမယ မှာ မြန်မာနိုင်ငံသားအားလုံး ကိုယ် စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြဖို့ USCIRF ခေါ် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်ကော်မရှင်က ဆုမွန်ကောင်းတောင်းလိုက်ပြီး၊ အစိုးရသစ်အနေနဲ့လည်း တိုင်းပြည်မှာ ဘာသာရေး လွတ်လပ်ခွင့်အပေါ် ကာကွယ်စောင့်ရှောက်မှုနဲ့ နှစ်သစ်ကို စတင်ဖို့ တိုက်တွန်းလိုက်ပါတယ်။
2016-04-14
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့မှာ ဒီကနေ့ နေ့လည်ပိုင်းက ပြင်းအား (၄.၄) အဆင့်ရှိတဲ့ မြေငလျင်ငယ်တစ်ခု လှုပ်ခတ် သွားကြောင်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
2016-04-14
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေ မြို့နယ်က အင်းလေးကန်ထဲမှာ ရေတွေ ခမ်းခြောက်လာတယ်လို့ အင်းလေး ကန် လေ့လာစောင့်ကြည့်နေတဲ့ အရပ်ဘက်လူမှုအဖွဲ့တွေ က ပြောပါတယ်။
2016-04-14
မနေ့ကညပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းမှာ ငလျင်လှုပ်ခဲ့ရာမှာ စေတီ ပုထိုးတွေနဲ့ စာသင်ကျောင်းတွေ ပျက်စီးခဲ့တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ထားပါတယ်။
2016-04-14
သြင်္ကန်ရက်တွေမှာ မွန်ပြည်နယ် မော်လ မြိုင်မြို့နယ်အတွင်း ပြောက်ကျားဝတ်စုံတွေ ဆင်တူဝတ်ဆင်တာ၊ အလံတွေ ၊ တုတ်၊ ဓါး၊ လက်နက် ကိုင်ဆောင်ပြီး လည်ပတ်တာတွေမလုပ်ဖို့ မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့က လူငယ်တွေကို လိုက်လံသတိပေးနှိုးဆော်ထား ပါတယ်။
2016-04-13
အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ကမ္ဘာတဝှမ်း လူ့အခွင့်အရေးအခြေပြ အစီရင်ခံစာကို နှစ်စဉ် ထုတ်ပြန်နေ ရာမှာ မနေ့က ၂၀၁၅ ခုနှစ်အတွက် လူ့အခွင့်အရေးအစီရင် ခံစာ ထွက်ရှိခဲ့ပါတယ်။
2016-04-13
NLD အမျိူးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲအောင်မြင်မှုနဲ့ ပတ်သက်တဲ့ အခမ်းအနားတစ်ခုကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့က လွှတ်တော်ဝင်းအတွင်းမှာရှိတဲ့ Churchill အဆောင်မှာ ဧပြီလ ၁၃ ရက် အင်္ဂါနေ့ညက ကျင်းပခဲ့ကြပါတယ်။
2016-04-13
မြန်မာနိုင်ငံမှာ မနေ့က အင်အား ၆.၉ အဆင့်ရှိ အင်အားပြင်း ငလျင်ကြီးတစ်ခု လှုပ်ခတ်သွားခဲ့မှုကြောင့် မြန်မာနိုင်ငံ တဝှမ်းနဲ့ အိန္ဒိယနိုင်ငံအရှေ့ပိုင်း၊ ဘင်္ဂ လားဒေ့ရှ်နဲ့ နီပေါနိုင်ငံအထိ တုန်ခါမှုရှိခဲ့တယ်လို့ USGS အမေရိကန် ဘူမိတိုင်းထွာရေးဌာနက သတင်းထုတ်ပြန် ပါတယ်။
2016-04-13
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ ပေါင်းကူး ဉာဏတောင်ရပ်ကွက်မှာရှိတဲ့ နိသာကရာ ရာမ မိုးကောင်း ပရိယတ္တိ စာသင်တိုက်မှာ ကျောင်းဆောင်သစ်ဆောက် လုပ်နေတာကို လူအင်အား ၃၀ လောက်က မနေ့ည က နှစ်ကြိမ်တိုင်တိုင် ဝင်ရောက်ဖျက်ဆီးသွားတယ် လို့ ကျောင်းတိုက်တာဝန်ရှိသူတွေက ပြောပါတယ်။
2016-04-13
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါကျေး ရွာအုပ်စု လဂူးချောင်မှော်ရွာမှာ နေအိမ် ၄၀ ကျော် ပြိုကျပျက်စီးတာကို သက်ဆိုင် ရာကျောက်မျက် တူးဖော်ရေးကုမ္ပဏီ ၅ ခုက ပြန်လည်ပြင် ဆင်ဆောက်လုပ်ပေးမှာဖြစ်ကြောင်း ဒီနေ့ သဘောတူ လက်မှတ်ရေးထိုးပြီး ကတိပေးလိုက်ပါတယ်။
2016-04-13
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီး မြို့နယ်က စပယ်တောင်နဲ့ ကြေးစင်တောင် စီမံကိန်း ဧရိယာအနီးမှာရှိတဲ့ ဦးပိုင်ကုမ္ပဏီ ပိုင် မိုးကြိုးဆာလ်ဖျုုရစ်အက်စစ် စက်ရုံကနေ အနံ့ဆိုး မထွက်အောင် ဆောင်ရွက်ပေးသွားမယ်လို့ စက်ရုံတာဝန် ရှိသူတွေက ကံကုန်းကျေးရွာသားတွေကို ကတိပေးလိုက် ပါတယ်။
2016-04-13
ဒီကနေ့ သြင်္ကန်အကျနေ့မှာ ရန်ကုန်၊ မန္တလေးစတဲ့ မြို့ကြီးတွေအပါ အဝင် နိုင်ငံအနှံ့စည်ကားနေပါတယ်။ အခုနှစ်ြင်္ကန်မှာ ရန်ကုန်ထက် မန္တလေးမြို့က ပိုပြီး စည်ကားတယ်လို့ ဒေသခံတွေက ပြောပါတယ်။