သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-04-12
ကချင်ပြည်နယ် အင်းတော်ကြီးဒေသအနီး အိုင်လေးတူရွာရဲ့ မြောက်ဘက် ၃ မိုင်အကွာမှာ တပ်မတော်နဲ့ ကေအိုင်အေတို့ ဧပြီ ၁ဝ ရက်ကစပြီး ဒီကနေ့ မနက်ပိုင်းအထိ နေ့စဉ်တိုက်ပွဲဖြစ် ပွားနေရာမှာ တိုက်ပွဲအတွင်း ဒေသခံရွာသား ၆ ယောက် ပျောက်ဆုံးနေပါတယ်။
2018-04-12
ကရင်ပြည်နယ် ဖာပွန်မြို့နယ် ခေးပူရွာနဲ့ လွယ်မူပလောကို ဆက်သွယ်ထားတဲ့လမ်းမှာ တပ်မတော်က လမ်းဖောက်လုပ်ရေးတွေလုပ်နေချိန် မိုင်းထောင်ဖို့ ကားလမ်းပေါ်တက်လာတဲ့ မသင်္ကာဖွယ် အရပ်ဝတ်နှစ်ဦးကို ပစ်ခတ်ဖမ်းဆီးခဲ့ပြီး တစ်ဦးသေဆုံးခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက မနေ့က သတင်းထုတ်ပြန်ပါတယ်။
2018-04-12
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်လာတဲ့အခါ လှဖိုးခေါင် ဒုက္ခသည် စခန်းမှာ တစ်လလောက်သာ နေရမှာဖြစ်ပြီး အဲဒီနောက်မှာတော့ သက်ဆိုင်ရာ နေရပ်တွေကို ပြန်လည်ပြန် ပို့ပေးသွားမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ပြောပါတယ်။
2018-04-12
တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ခိုင်မာစေရေးအတွက် ဘယ်လိုကြပ်မတ်သွာမလဲဆိုတာကို စဉ်းစားဆောင်ရွက်ဖို့ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနဲ့ တရားလွှတ်တော်ချုပ် တရားသူကြီးတွေကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းပါတယ်။
2018-04-11
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ လူမှုဝန်ထမ်းဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဘင်္ဂလားဒေ့ရှ်မှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာမွတ်စလင်တွေ နေရပ်ပြန်နိုင်ရေးဟာ အဓိက ကိစ္စတခုဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။
2018-04-11
ပထမဆုံးအကြိမ်ပြုလုပ်တဲ့ မွန်ပြည်သစ်ပါတီရဲ့ လူထုတွေ့ဆုံပွဲမှာ NCA စာချုပ်ပါ အချက်တွေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ဆွေးနွေးခဲ့ကြပြီး ရှေ့လာမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အခြေခံရမယ့် ကဏ္ဍကြီး လေးခုကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက အကြံပြုဆွေးနွေးကြတယ်လို့ မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။
2018-04-11
ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်တို့ အလွတ်သဘောတွေ့ဆုံ ညှိနှိုင်းဖို့ရှိတယ်လို့ အစိုးရငြိမ်းချမ်းရေးကော်မရှင် တာဝန်ရှိသူတစ်ဦးက ဒီနေ့ ပြောပါတယ်။
2018-04-11
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ဒေါင့်ချောင်းကျေးရွာမှာ ခိုးမှုနဲ့ မသင်္ကာသူနှစ်ဦးကို ပိုးလောင်းရဲစခန်းက ညှဉ်းပန်းနှိပ်စက်စစ်ဆေးခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး ချိုးဖောက်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ထိရောက်စွာအရေးယူသင့်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ပြည်ထဲရေးဝန်ကြီးဌာနထံ အကြံပြုထားပါတယ်။
2018-04-11
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ လုပ်ငန်းတာဝန်တွေကို လုပ်ပိုင်ခွင့် အာဏာ အရှိန်အဝါရှိသူတွေက ဝင်ရောက်စွက်ဖက်တာတွေ၊ စွပ်စွဲခံရသူဘက်ကနေ အကာအကွယ် ပေးတာတွေရှိရင် ပွင့်ပွင့်လင်းလင်း တင်ပြပေးဖို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် က ကော်မရှင်အဖွဲ့နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားလိုက်ပါတယ်။
2018-04-11
မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို စွဲချက်မတင်ခင် လွှတ်ပေးဖို့ လျှောက်ထားချက်ကို ဒီကနေ့ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးက ပယ်ချလိုက်ပါတယ်။
2018-04-10
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဟာ ဒီနေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး၊ ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုမှာဖြစ် ပါတယ်။
2018-04-10
ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာအနီးမှာ ဘင်္ဂါလီ ၁ဝ ဦးကို ရွာသားတချို့နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သတ်ဖြတ်ခဲ့မှုနဲ့ ပတ်သက်လို့ အရာရှိနဲ့စစ်သည် ၇ ဦးကို ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မတ်လ ၁ဝ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
2018-04-10
နိုင်ငံတကာရာဇဝတ်ခုံရုံး ICC က ရှေ့နေချုပ် ဖါတျူး ဘန်းဆူဒါက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် မောင်းထုတ်လိုက်တဲ့ကိစ္စကို သူ့အနေနဲ့ စုံစမ်းစစ်ဆေးနိုင်မယ့် အမိန့်တစ်ရပ် ထုတ်ပြန်ပေးနိုင်မလားဆိုပြီး တရားသူကြီးအဖွဲ့ကို မေးမြန်းလိုက်ပါတယ်။
2018-04-10
မလေးရှားနိုင်ငံကနေ တရားမဝင်ပြန်လာတဲ့ မြန်မာအလုပ်သမား အယောက် ၁၀၀ လောက် မလေးရှား-ထိုင်းနယ်စပ်မှာ ဖမ်းဆီးခံထားရတယ်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီဝင်တွေက ပြောပါတယ်။
2018-04-10
ထိုင်းနိုင်ငံကို MOU စနစ်နဲ့ အလုပ်သွားလုပ်မယ့် မြန်မာအလုပ်သမား ၅၀ ကျော် လိုက်ပါလာတဲ့ ယာဉ်ဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မနေ့ညက တိမ်းမှောက်တာကြောင့် ၆ ဦးသေဆုံးပြီး ၁၂ ဦး ဆေးရုံတင်ထားရပါတယ်။