သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-05-02
ရေဦးမြို့နယ်အတွင်းက ရွာသုံးရွာကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့တာကြောင့် နေအိမ် ၈၀ နီးပါး မီးလောင်ပျက်စီးပြီး ဒေသခံ ငါးရာကျော် ထွက်ပြေးနေရပါတယ်။
2023-05-02
ဝေါမြို့နယ်၊ ညောင်ခါးရှည် စံပြရွာက ရဲစခန်းကို ဧပြီလ ၂၇ ရက်မှာ PDF ပူးပေါင်းတပ်ဖွဲ့တွေတိုက်ခိုက်ပြီးနောက် ဒေသခံတွေ ဆက်တိုက်ဖမ်းဆီးခံရပြီး အခုနောက်ထပ် ၁၄ ဦးကိုပါ ထပ်ဖမ်းသွားတယ်လို့ ဝေါဒေသခံတွေက RFA ကိုပြောပါတယ်။
2023-05-02
ရခိုင်ပြည်နယ်မှာ အိန္ဒိယနိုင်ငံက တာဝန်ယူတည်ဆောက်ထားတဲ့ စစ်တွေဆိပ်ကမ်းကို လာမယ့်သီတင်းပတ်မှာ ဖွင့်လှစ်နိုင်ဖွယ်ရှိတယ်လို့ စစ်တွေအခြေစိုက် အိန္ဒိယကောင်စစ်ဝန်ရုံးက ပြောပါတယ်။
2023-05-02
စစ်ကိုင်းမြို့နယ် ရွာသုံးရွာက အရပ်သားသုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး မေလ ၁ ရက်နဲ့ ၂ ရက်တွေမှာ သတ်ဖြတ်ခဲ့တယ်လို့ စစ်ကိုင်းဒေသခံတွေက ပြောပါတယ်။
2023-05-02
ပခုက္ကူမြို့နယ်၊ မြစ်ခြေ - ကျွန်းချောင်းဒေသက ရွာသုံးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံတစ်ထောင်ဝန်းကျင် ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။
2023-05-01
KNU နယ်မြေတပ်မဟာခုနစ်ခုမှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် ဒီနှစ်မတ်အထိ စစ်ဘေးဒုက္ခသည်ဦးရေ ငါးသိန်းကျော်ထိ များလာတယ်လို့ KNU နိုင်ငံခြားရေးဌာနတာဝန်ခံ ဖဒိုစောတောနီး က ပြောလိုက်ပါတယ်။
2023-05-01
ဒီပွဲကနေ အမြတ်ငွေ ဘတ်တစ်သိန်းကျော် ရန်ပုံငွေ ရရှိတယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
2023-05-01
တရုတ်နိုင်ငံဟာ အိမ်နီးချင်းနိုင်ငံဖြစ်တာကြောင့် တခြားနိုင်ငံတွေထက် မြန်မာနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေးကို ပိုလို့တောင် စိတ်ဝင်စားတယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
2023-05-01
ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက်မှာ အငြိမ်းစားဗိုလ်မှူး ဦးရဲမင်းသန်း သေနတ်နဲ့ ပစ်သတ်ခံရတဲ့ညမှာပဲ ပြည်သူ ရှစ်ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
2023-05-01
ဟားခါးမြို့နယ် ချွန်ကျုံးရွာမှာ ဧပြီ ၃၀ ရက်က စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုရှိသလို စစ်ကောင်စီတပ်က လေကြောင်းနဲ့ပါ ဗုံးကြဲခဲ့တယ်လို့ ပြောပါတယ်။
2023-05-01
ဖားကန့်၊ မလန်ရွာခံ ၉၀ ၀န်းကျင်ကို ဧပြီ ၂၉ က စစ်ကောင်စီတပ်သားတွေ ဖမ်းခဲ့ပြီးနောက် နာမည်စာရင်းယူပြီး အဲဒီနေ့ညနေမှာပြန်လွှတ်ပေးခဲ့တယ်လို့ ပြောပါတယ်။
2023-05-01
ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၊ ၁၉ ရပ်ကွက်မှာရှိတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့ နှစ်ထပ်တိုက်နေအိမ်ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၇ ရက်မှာ စစ်ကောင်စီတပ်သားတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ လာရောက်ချိပ်ပိတ်သွားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။
2023-05-01
ကန့်ဘလူမြို့နယ်မှာ မြွေကိုက်ခံရသူ စစ်ဘေးဒုက္ခသည် ခြောက်ဦး သေဆုံးခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။
2023-05-01
ကန့်ဘလူမြို့နယ် မြေမွန်ရွာက ဒေသခံတစ်ဦးကို စစ်ကောင်စီတပ်သားတွေ သတ်ဖြတ်ခဲ့ပြီး မြေမွန်ရွာအပါအဝင် ရွာခုနစ်ရွာက နေအိမ်နှစ်ရာကျော်ပါ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
2023-05-01
စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဧပြီလကုန်အထိ နှစ်နှစ်ကျော်အတွင်း မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းမြို့နယ်နဲ့ ကယားမှာ အရပ်သား ၄၅၂ ဦး သေဆုံးခဲ့တယ်လို့ PKPF က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။