သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-03-21
ရန်ကုန်တိုင်း လှည်းကူးမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းတန် တို့ နှစ်ဦးကို ရွေးကောက် ပွဲ ကော်မရှင် ဥပဒေချိုးဖောက်မှုနဲ့ တရားစွဲဆို ခွင့်ပြုဖို့ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီအဖွဲ့ဝင်တွေက ဒီနေ့စီတန်းလမ်းလျှောက်ပြီး ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-03-21
လာမယ့် မတ်လ ၂၄ ရက်နေ့မှာ ကျင်းပ မယ့် မန္တလေးနဲ့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွေမှာ တိုင်းဒေသကြီး ဝန်ကြီး ချုပ်နဲ့ ဝန်ကြီးအဖွဲ့အမည်စာရင်းတွေကို တင်သွင်းမှာဖြစ် တယ်လို့ တိုင်းလွှတ်တော်ဥက္ကဌတွေက ပြောပါတယ်။
2016-03-21
ဘာသာရေး၊ လူမျိုးရေးကို အခြေခံပြီး ခွဲခြားဆက်ဆံသူတွေဟာ နိုင်ငံတော်ကို တည်ဆောက်နေသူတွေမဟုတ်ဘဲ နိုင်ငံတော်ရဲ့ ရန်သူတွေဖြစ်တာကြောင့် ကိုင်တွယ်ဖြေရှင်းဖို့လိုကြောင်း ကက်သလစ် ခရစ်ယာန် ဂိုဏ်းချုပ်ကြီး Cardinal Charles Bo က ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူမျိုးရေး ခွဲခြားမှုများ ကင်းစင်ရေးနေ့ အခမ်းအနားမှာ ပြောကြားလိုက် ပါတယ်။
2016-03-21
တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မနီလာသိန်း က သူ့ကို တရားခံပြေးအဖြစ် ကြေညာခဲ့တဲ့ မရမ်းကုန်းမြို့နယ် ရဲစခန်းမှူး ရဲအုပ် ဦးသန်းဝင်း ကို ဂုဏ် သိက္ခာညှိုးနွမ်းစေမှုနဲ့ အရေးယူပေးဖို့ မရမ်းကုန်းမြို့နယ် တရားရုံးထံ ဒီနေ့ လျှောက်ထားတာကို တရားသူကြီးက လက်ခံလိုက်ပါတယ်။
2016-03-21
အစိုးရသစ်လက်ထက်မှာ ဝန်ကြီးဌာနတွေနဲ့ ဝန်ကြီးဦးရေကို လျှော့ချလိုက်တဲ့အတွက် လာမယ့် အစိုးရသစ်သက်တမ်း ၅ နှစ်အတွင်း ငွေကျပ် သန်းပေါင်း ၅ ထောင် ခြိုးခြံချွေတာနိုင်မှာဖြစ်ပြီး အဲ့ဒီငွေတွေကို ပညာရေး ကျန်းမာရေးနဲ့ ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွေမှာ ပိုမိုသုံးစွဲသွားမှာ ဖြစ်တယ်လို့ သမ္မတအသစ် ဦးထင်ကျော် က ပြည်ထောင်စုလွှတ်တော်မှာ ရှင်းပြခဲ့ပါတယ်။
2016-03-20
ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ် ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို မတ်လ ၁၈ ရက်နေ့ ကစပြီး အလုပ်သမား ဗီဇာသက်တမ်း တိုးခွင့် မပြုတော့ပဲ သက်ဆိုင်ရာနယ်မြေမှာပဲ နေထိုင်ခွင့်ရှိတဲ့ ပန်းရောင်အသိအမှတ်ပြု ကဒ်ပြားတွေကိုသာ ထုတ်ပေး သွားမှာ ဖြစ်ပါတယ်။
2016-03-20
အခုနှစ်ဟာ အယ်လ်နီညိုရာသီဥကြောင့် အလွန်ပူပြင်းပြီး ရေရှားပါးမှုပြဿနာ ကြုံတွေ့ရနိုင်တာကြောင့် လာမယ့် သြင်္ကန် ကာလမှာ ရေဖြုန်းတီးတာတွေ မလုပ်ကြဖို့ မိုးလေဝသ ပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။
2016-03-20
ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အစိုးရအဖွဲ့ကို ဦးဆောင်သွားမှာ ဖြစ်တယ်လို့ NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ဒေါက်တာဇော်မြင့်မောင်က ပြော ပါတယ်။
2016-03-20
လာမယ့် အစိုးရသစ်အနေနဲ့ လက်ရှိ ကြုံတွေ့နေရတဲ့ အလုပ်ရှင်အလုပ်သမား ဥပဒေတွေကို ပြင်ဆင် သတ်မှတ်ပေးဖို့ စစ်ကိုင်းတိုင်းဒေသ ကြီး စက်မှုဇုန် Myanmar Veneer သစ်အခြေခံစက်ရုံရဲ့ သပိတ်မှောက် အလုပ်သမားတွေ က တောင်းဆိုလိုက်ကြ ပါတယ်။
2016-03-20
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဟာ ရခိုင်ပြည်နယ် ရသေ့တောင်၊ ကျောက်တော် ၊မြောက်ဦး မြို့နယ်တွေက ရွာပေါင်း ၁၃ ရွာ အတွက် နိပွန်ဖောင်ဒေးရှင်း ရဲ့ ထောက်ပံ့မှုအရ ဒီနေ့က စတင်ပြီး ဆန်အိတ်ပေါင်း ၂၀၀၀ ကျော်နဲ့ သွားရောက် လှူဒါန်းနေပါတယ်။
2016-03-20
သူရဦးရွှေမန်း ဥက္ကဌအဖြစ် ဆောင်ရွက်တဲ့ "ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်း စစ်ရေး ကော်မရှင်"ကို တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေက ကန့်ကွက်မယ်ဆိုတဲ့ သတင်း ထွက်ပေါ်နေပါတယ်။
2016-03-19
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေနဲ့ ရန်ကုန်တိုင်းထဲက ပါတီဝင်တို့ဟာ ပါတီရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။
2016-03-19
အမေရိကန်နဲ့ တောင်ကိုရီးယားအစိုးရတို့ ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းမှာပါဝင်တဲ့ မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီးကို လူစားထိုးတော့မယ်လို့ မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြပါတယ်။
2016-03-19
ပြည်ထောင်စုဝန်ကြီးနဲ့ တိုင်းဒေသကြီး ပြည်နယ် ဝန်ကြီးချုပ် အမည်စာရင်းတွေစာရင်းကို လာမယ့်သီတင်းပတ်ထဲမှာ ထုတ်ပြန်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။
2016-03-19
ပြီးခဲ့တဲ့နှစ်က ပြည်ထောင်စုလွှတ်တော် မှာ ပြဌာန်းခဲ့တဲ့ ရုပ်မြင်သံကြားနဲ့ အသံလွှင့် မီဒီယာဆိုင်ရာ ဥပဒေကို ပြင်ဆင်ပြောင်း လဲရေးအတွက် လာမယ့်အစိုးရသစ်လက်ထက်မှာ ကြိုးစားသွား မှာဖြစ်ကြောင်း ဒီမိုကရက်တစ် မြန်မာ့အသံ DVB ဒုတိယ အမှုဆောင်ညွန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြော ပါတယ်။