သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-12-21
ကမ္ဘာတဝှမ်း လူ့အခွင့်အရေးချိုးဖောက်မှု၊ အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရက ပစ်မှတ်ထား ပိတ်ဆို့ဒဏ်ခတ်အရေးယူလိုက်တဲ့ လူပုဂ္ဂိုလ် ၅၂ ဦးထဲမှာ မြန်မာနိုင်ငံက စစ်ဗိုလ်ချုပ်တစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။
2017-12-21
ရိုဟင်ဂျာမွတ်စလင် ပြဿနာကိုဖြေရှင်းနေတဲ့ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်ကို ရှုပ်ထွေးစေတဲ့ အရေးကိစ္စလုပ်နေမယ့်အစား၊ အပြုသဘောဆောင်တဲ့ အကူအညီတွေပေးဖို့ တရုတ်အစိုးရက နိုင်ငံတကာအသိုင်းအဝိုင်းကို ဒီနေ့တိုက်တွန်းလိုက်ပါတယ်။ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီကို ပြည်ဝင်ခွင့် မပေးတော့ဘူးလို့ မြန်မာအစိုးရက ပိတ်ပင်လိုက်ပြီးတဲ့နောက် တရုတ်က အခုလို ပြောဆိုလိုက်တာပါ။
2017-12-21
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ အစိုးရတာဝန်ရှိသူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်သွားကြတဲ့ မွတ်စလင်တွေကို ပြန်လည်လက်ခံမယ့် မောင်တော မြို့နယ် တောင်ပြို လက်ဝဲနဲ့ ငခူရကျေးရွာတွေကို ဒီနေ့ သွားရောက်စစ်ဆေးခဲ့ပါတယ်။
2017-12-21
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ကျေးရွာတွေမှာ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေ ရွေးချယ်ပြီး ကြီးကြပ်ရေးမှူးတွေနဲ့ ရာအိမ်မှူးတွေကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက ခေါ်ယူတွေ့ဆုံ တာတွေရှိတာကြောင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမင်းအောင် က ပြည်နယ်အစိုးရဖွဲ့ဆီ ဒီကနေ့ ကန့်ကွက်စာ ပေးပို့လိုက်ပါတယ်။
2017-12-21
မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းဌာနက သတင်းထောက် ၂ ဦးကို မိသားစုနဲ့ တွေ့ခွင့်ပေးဖို့အပါအဝင် ရပိုင်ခွင့်ရှိတဲ့ လူ့အခွင့်အရေးတွေ ရရှိခံစားနိုင်အောင် ဆောင်ရွက်ပေးဖို့အတွက် အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ဒီကနေ့ ထုတ်ပြန်ချက်ထုတ်ပြီး တိုက်တွန်းလိုက်ပါတယ်။
2017-12-21
ရခိုင်ပြည်နယ်၊ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်ကို တာဝန်ကျေပွန်အောင် မထမ်းဆောင် ဘူးဆိုပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၇ ဦးက တိုင်တန်းထားတဲ့ကိစ္စကို ကော်မတီဖွဲ့ စစ်ဆေးပြီးစီးပြီဖြစ်တာကြောင့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစံကျော်လှက ပြောပါတယ်။
2017-12-21
အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရေးအတွက် ကျန်ရှိနေတဲ့ အချက်တွေကို ဆုံးဖြတ်ချက်ချနိုင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံဖို့အတွက် UNFC ဘက်က ကမ်းလှမ်းချက်ကို ဒီကနေ့ နေ့လည်အထိ အစိုးရနဲ့ တပ်မတော် ဘက်က အကြောင်းပြန်ကြားမှု မရှိသေးပါဘူး။
2017-12-21
ရှမ်းပြည်နယ် လားရှိုး၊ တာချီလိတ်နဲ့ ပင်လုံမြို့တွေမှာ ဒီကနေ့ ကျင်းပတဲ့ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲတွေကို တပ်မတော်ဘက်က လာရောက်တားမြစ်မှုတွေရှိခဲ့တယ်လို့ ရှမ်းပြည်ညီညွတ်ရေးကော်မတီအဖွဲ့ဝင် SNLD ပါတီရဲ့ တွဲဖက်အတွင်းရေးမှူး ၂ ဦးစိုင်းကျော်ညွန့်က ပြောပါတယ်။
2017-12-21
မဲဆွယ်အပြုံး အမည်ရှိတဲ့ သရော်စာကို ဖော်ပြခဲ့တဲ့ တနင်္သာရီတိုင်းမ်ဂျာနယ်ကို သတင်းမီဒီယာ ဥပဒေ ပုဒ်မ ၂၅ (ခ) နဲ့ တရားစွဲဆိုဖို့အတွက် တိုင်းအစိုးရက ဦးတိုက်လျှောက်ထားတာကို ထားဝယ်မြို့နယ် တရားရုံးက လက်ခံလိုက်တယ်လို့ တနင်္သာရီတိုင်မ်းဂျာနယ်ရဲ့ တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင်က ပြောပါတယ်။
2017-12-20
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာသုဿာန်မှာ မည်သူမည်ဝါ မသိရသေးတဲ့ ရုပ်အလောင်း ၁၀ လောင်း မြှုပ်နှံထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး၊ စုံစမ်းစစ်ဆေးဖို့ အကြီးတန်း စစ်တပ်အရာရှိတဦးကို မြန်မာ့တပ်မတော်က တာဝန်ပေးခန့်အပ်လိုက်ပါတယ်။
2017-12-20
ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းဌာန သတင်းထောက် နှစ်ဦးကို မေးမြန်းစစ်ဆေးနေတာ ပြီးစီးလုနီးဖြစ်နေပြီမို့၊ မကြာခင် ရုံးတင်စစ်ဆေးတော့မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ပြောပါတယ်။
2017-12-20
မြန်မာ့တပ်မတော်စစ်ခေါင်းဆောင်တွေကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူရမယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက ပြောလိုက်ပါတယ်။
2017-12-20
မြန်မာနိုင်ငံမှာ Reuters သတင်းထောက် နှစ်ဦးကို ဖမ်းထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံ အခြေစိုက်၊ အစိုးရမဟုတ်တဲ့ အန်ဂျီအို လူ့အခွင့်အရေးအဖွဲ့အစည်းတခုဖြစ်တဲ့ Human Rights Now အဖွဲ့က ဂျပန်အစိုးရကို ခိုင်ခိုင်မာမာရပ်တည်ဆောင်ရွက်ပေးဖို့ ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
2017-12-20
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီ ကို မြန်မာအစိုးရ က ပြည်ဝင်ခွင့်ပိတ်ပင်လိုက်ပါတယ်။
2017-12-20
ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းဌာနက သတင်းထောက် ၂ ဦးအမှုကို ရုံးတင်စစ်ဆေးမယ် ဆိုရင် လိုအပ်တဲ့ Expert Witness ကျွမ်းကျင်သူ အသိသက်သေအနေနဲ့ သတင်းမီဒီ ယာကောင်စီက ဆောင်ရွက်လိုကြောင်း ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။