သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-09-14
လာမယ့် ရွေးကောက်ပွဲအတွက် မဲပေးခွင့် ရှိသူစာရင်းတွေကို တိုင်းဒေသကြီး နဲ့ ပြည်နယ်အသီးသီးက ရပ်ကွက်၊ ကျေးရွာကော်မရှင် ရုံးခွဲတွေမှာ ဒီနေ့စတင်ကြေညာလိုက်ပြီး မဲစာရင်းမှားယွင်း မှုတွေရှိရင် နှစ်ပတ်အတွင်း ပြင်ဆင်ခွင့်ရှိမှာဖြစ်ပါတယ်။
2015-09-14
လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ် ပြိုင်ဖို့ အမည်စာရင်းလျှောက်ထားသူ ၆၁၈၉ ယောက်ရှိရာမှာ ကိုယ်စားလှယ်လောင်းဖြစ်ခွင့် တင်ထားသူ ၁၀၀ ကျော် ပယ်ချခံရပြီး နောက်ဆုံးစာရင်းအရ ကိုယ်စားလှယ်လောင်း ၆၀၆၅ယောက်သာ ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်ပါတယ်။
2015-09-14
တစ်နိုင်ငံအပစ်အခတ်ရပ်စဲရေး NCA လက်မှတ်ရေး ထိုးပွဲကို လာမယ့်အောက်တိုဘာလ ပထမပတ် အတွင်း ကျင်းပသွားမှာဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ဒီကနေ့ ပြောလိုက်ပါတယ်။
2015-09-13
နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပ မယ့် ရွေးကောက်ပွဲမှာ ပါတီရဲ့မူဝါဒနဲ့ သမိုင်းကြောင်းကို လေ့လာပြီး မဲပေးကြဖို့ ပုဗ္ဗသီရိမဲဆန္ဒနယ် ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။
2015-09-13
နေပြည်တော် ဇေယျာသီရိမြို့နယ် မဲဆန္ဒ နယ်မြေကနေ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလှဌေးဝင်းဟာ သူရဲ့မဲဆန္ဒနယ်မှာ တတိယမြောက်နေ့အဖြစ် မဲဆွယ်စည်းရုံး ခဲ့ပါတယ်။
2015-09-13
မြန်မာနိုင်ငံရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ နဲ့ အစိုးရအကြား ငြိမ်းချမ်းရေးဖြစ်စဉ်ပေါ်မှာ မူတည်နေတယ် လို့ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောလိုက် ပါတယ်။
2015-09-13
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်နဲ့ သြဂုတ်လအတွင်း က ရေကြီးပြီး မျောပါပျက်စီးခဲ့တဲ့ အိမ်ခြေ ၃၅ဝ ကျော်ကို ဒီနေ့ကစပြီး စတင်ဆောက်လုပ်ပေးနေပြီလို့သိရပါတယ်။
2015-09-13
အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေး ထိုးနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေဟာ အခုလ ကုန်ပိုင်းမှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဆွေးနွေးကြ မယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြော ပါတယ်။
2015-09-12
ရှမ်းပြည်နယ် မြောက်ပိုင်းက စစ်ဘေး ဒုက္ခသည်တွေ လာမယ့်ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့အတွက် မဲရုံတွေကို သီးသန့်ပြု လုပ်ပေးမှာမဟုတ်ဘဲ ဒုက္ခသည် စခန်းနဲ့နီးစပ်တဲ့ သက်ဆိုင် ရာရပ်ကွက်၊ ကျေးရွာတွေမှာ ဖွင့်လှစ်ထားတဲ့ မဲရုံတွေမှာပဲ မဲပေးရမှာဖြစ်တယ်လို့ရှမ်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်က ပြောကြားလိုက်ပါတယ်။
2015-09-12
တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ်တွေ လွှတ်တော်ထဲက နှုတ်ထွက်ပေး ဖို့ ဆန္ဒပြခဲ့တာကြောင့် ဖမ်းဆီးခံထားရတဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ် တတိယနှစ်ကျောင်းသား ကိုဇေယျာလွင် စာမေးပွဲ ဖြေဆိုခွင့်ကို ရန်ကုန်စီးပွားရေး တက္ကသိုလ်က ပါမောက္ခချုပ်က ခွင့်ပြုပေးလိုက်ပါတယ်။
2015-09-12
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာရှိတဲ့ မွတ်စလင်ဒုက္ခသည် တစ်ထောင်ကျော်ကို နေအိမ်ဆောက် လုပ်ပြီး ပြန်လည်နေရာချထားဖို့ ပြင်ဆင်နေတာကို ဒေသ ခံတွေ ကန့်ကွက်လိုက်ကြပါတယ်။
2015-09-12
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်တဲ့ ကျောင်းသားတွေကို လက်ပံတန်းမြို့မှာဖြိုခွင်းရာမှာ အဓိကရုဏ်းနှိမ်နင်းရေး လုပ်ငန်းစဉ်အဆင့်ဆင့်ကို မလိုက်နာဘဲ ဆောင်ရွက်ခဲ့တဲ့ ရဲတပ်ဖွဲ့က အရာရှိတွေနဲ့ တပ်ဖွဲ့ဝင်တွေကို အရေးယူ သင့်ကြောင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော် မရှင်က ဒီကနေ့ အစီရင်ခံစာထုတ်ပြန်ပြီး တိုက်တွန်းလိုက် ပါတယ်။
2015-09-12
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က လာမယ့်အောက်တိုဘာလ ပထမပတ်အတွင်း အပစ်ခတ် ရပ်စဲရေး လက်မှတ်ရေးထိုးကြဖို့ ကမ်းလှမ်းချက်ကို ဝမ်းသာပေမယ့် KIO ကချင်လွတ်မြောက်ရေးအဖွဲ့အနေနဲ့ လက်မှတ်ရေးထိုးဖို့ အဆင်သင့်မဖြစ်သေးကြောင်း KIO ဒုတိယဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောလိုက်ပါတယ်။
2015-09-12
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီက ကိုယ်စားလှယ်လောင်း ၁၇ ဦးကို တိုင်းနဲ့ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က ထပ်မံပယ်ချ ခံရတာကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ စာပေးပို့တင်ပြ သွားမယ်လို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပါတီက ပြောပါတယ်။
2015-09-12
အရင်ရွေးကောက်ပွဲတွေတုန်းက မဲပေးနည်းဟာ အမှန်ခြစ်တာဖြစ်ပြီး လာမယ့်ရွေးကောက်ပွဲမှာ တံဆိပ်တုံးနဲ့ နှိပ်ရမှာဖြစ်တဲ့အတွက် မဲပေးနည်း ကို ပြည်သူတွေနားလည်စေဖို့ ပဲခူးတိုင်းဒေသကြီး ဖြူးမြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ ဘယ်လိုမဲပေးရမယ် ဆိုတာကို ရှင်းပြထားတဲ့ လက်ကမ်းစာစောင်တွေ ဝေငှခဲ့ ပါတယ်။