သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-09-24
မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံခြားဝင်ရောက်စွက်ဖက်မှုကို လက်မခံကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
2018-09-24
လာမယ့် အောက်တိုဘာလဆန်းမှာ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေ ဖြစ်တဲ့ ရက္ခိုင့်တပ်မတော် AA၊ ကိုးကန့် တပ်မတော် MNDAA နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တို့ဟာ အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ အပစ်ရပ်လက်မှတ်ရေးထိုးရေးကိစ္စအတွက် ထပ်မံ တွေ့ဆုံဆွေးနွေးသွားဖို့ရှိနေပါတယ်။
2018-09-24
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းကြီးချောင်းဖျားမှာရှိတဲ့ ကျေးရွာတွေက ကျွဲတွေ အစုလိုက်အပြုံလိုက် သေဆုံးမှုတွေရှိနေတဲ့အပေါ် အစိုးရတာဝန်ရှိသူတွေက ဒီနေ့ သွားရောက် စစ်ဆေးနေတယ်လို့ ရွာခံတွေက ပြောပါတယ်။
2018-09-24
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ဆန္ဒပြရာမှာ ပါဝင်ခဲ့ပြီး ပစ်ခတ်ဖြိုခွဲရာမှာ သေနတ်ဒဏ်ရာတွေ ရရှိခဲ့တဲ့ ဒေသခံ ၈ ဦးကို စစ်တွေမြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၈ လ အမိန့်ချမှတ်လိုက်ပြီး ချုပ်ရက်ကို ခံစားခွင့်ပြုတာကြောင့် ဒီနေ့မှာပဲ ပြန်လည်လွတ်မြောက် လာကြပါတယ်။
2018-09-24
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ အုပ်ချုပ်ပုံတွေဟာ လိုအပ်ချက်တွေရှိနေတာကြောင့် ပြည်သူတွေ လုံခြုံမှုမရှိသလို စီးပွားရေးပိုင်းမှာလည်း အားနည်းချက်တွေရှိနေကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ပါတီ ခေါင်းဆောင်တွေက ပြောလိုက်ပါတယ်။
2018-09-24
ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုအပေါ် အမှုရုပ်သိမ်းခဲ့တာကိုပယ်ဖျက်ခဲ့ပြီး ပြန်လည်စစ်ဆေးဖို့ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က ဒီကနေ့ အမိန့်ချမှတ်လိုက် ပါတယ်။
2018-09-24
နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ရဲ့ စုံစမ်းစစ်ဆေးမှုတွေကို မြန်မာအစိုးရအနေနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် မြန်မာ မွတ်စလင် အသင်းက မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေသော လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ညီလာခံ ကျင်းပပြီး မနေ့က အချက် ၁၃ ချက် ပါဝင်တဲ့ ကြေညာချက် တစ်စောင် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2018-09-24
ရွှေတိဂုံစေတီတော်က ရွှေပြားတွေ မဲနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး "ပြောမိတော့မှာပဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ သရော်စာ ရေးသားခဲ့တဲ့ ဆောင်းပါးရှင် ကောင်းဆက်နိုင် အပါအဝင် စံတော်ချိန် သတင်းစာ ထုတ်ဝေသူနဲ့ အယ်ဒီတာချုပ် စုစုပေါင်း ၃ ဦးကို သာသနာ ညှိုးနွမ်းစေမှုပုဒ်မ ၂၉၅ နဲ့ ဒေသခံတစ်ဦးက အမှုဖွင့်လိုက်ပါတယ်။
2018-09-24
မြန်မာ- တရုတ်နယ်စပ် ပန်ဆိုင်း(ကြူကုတ်) မြို့နယ်ခွဲ ဖိုင်ကောင်းကျေးရွာအုပ်စု မန်ကျယ်ရွာ နယ်စပ်က မြန်မာနိုင်ငံနယ်နိမိတ်ထဲမှာ တရုတ်နိုင်ငံက အုတ်တံတိုင်းကာဖို့ လမ်းကိုဖျက်ပြီး မြေတူးထားတဲ့နေရာကို တရုတ်နိုင်ငံဘက်က ကုန်သည်တွေနဲ့ မြန်မာနိုင်ငံဘက်က ဒေသခံတွေက သွားလာရေးအဆင်ပြေအောင် မြေတွေပြန်ဖို့ခဲ့ကြပါတယ်။
2018-09-23
အမေရိကန်ပြည်ထောင်စု နီဘရာစကားပြည်နယ် အိုမားဟားမြို့မှာ မြန်မာနိုင်ငံကနေ ဒုက္ခသည် အဖြစ်နဲ့ ပြောင်းရွေ့လာကြတဲ့ မြန်မာ ၅ဝဝ ကျော်ကို မြို့အာဏာပိုင်တွေနဲ့ လူမှုရေးအထောက် အကူပြုအဖွဲ့တွေက ညစ်ပတ်ပြီး ကျန်းမာရေးနဲ့မညီညွတ်တဲ့ တိုက်ခန်းတွေကနေ မနေ့က အလျင်အမြန် ရွှေ့ပြောင်းပေးခဲ့ကြတယ်လို့ သိရပါတယ်။
2018-09-23
ကယားပြည်နယ်မှာ မြန်မာအစိုးရသစ်လုပ်ငန်းက ကြီးကြပ်ပြီး ကရင်နီအမျိုးသား လွတ်မြောက်ရေး တပ်ဦး KNPLF က ထိန်းချုပ်ထားတဲ့ သစ်တောဧရိယာထဲကနေ သစ်မာတန်ချိန် ၅ ထောင်ကျော် ထုတ်လုပ်ရောင်းချမယ်လို့ သတင်းတွေ ထွက်ပေါ်လာတဲ့အပေါ် ဗြိတိန်အခြေစိုက် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ စုံစမ်းထောက်လှမ်းရေးဆိုင်ရာအေဂျင်စီ EIA က ဝေဖန်ရှုတ်ချလိုက်ပါတယ်။
2018-09-23
ဖုယွင်အထည်ချုပ်စက်ရုံက ဆန္ဒပြနေတဲ့ အလုပ်သမားတွေရဲ့ ပြဿနာကို အမြန်ဆုံးဖြေရှင်းပေးဖို့ ဒဂုံဆိပ်ကမ်းမြို့နယ်ထဲက အလုပ်သမားသမဂ္ဂ ၁၀ ဖွဲ့ စုပေါင်းပြီး ဒဂုံဆိပ်ကမ်းမြို့နယ်ထဲမှာ ဒီကနေ့ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
2018-09-23
မြန်မာ- တရုတ်နယ်စပ် ပန်ဆိုင်း(ကြူကုတ်) မြို့နယ်ခွဲ ဖိုင်ကောင်းကျေးရွာအုပ်စု မန်ကျယ်ရွာ နယ်စပ်က မြန်မာနိုင်ငံနယ်နိမိတ်ထဲမှာ တရုတ်နိုင်ငံက အုတ်တံတိုင်းကာဖို့ လမ်းကိုဖျက်ပြီး မြေတူးထားတဲ့နေရာကို တရုတ်နိုင်ငံဘက်က ကုန်သည်တွေနဲ့ မြန်မာနိုင်ငံဘက်က ဒေသခံတွေက သွားလာရေးအဆင်ပြေအောင် ဒီနေ့ မြေတွေပြန်ဖို့ခဲ့ကြပါတယ်။
2018-09-23
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက ပြင်ဦးလွင်မြို့နယ်က ကျေးရွာတွေမှာ မဲဆွယ်စည်းရုံးရာမှာ ကန့်သတ်ခံရတာတွေ ခြိမ်းခြောက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရကြောင်း ပါတီခေါင်းဆောင်တွေက ပြောပါတယ်။
2018-09-23
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းအနီးက သံဇစ်မြစ်ရေညစ်ညမ်းမှု ဖြစ်ပေါ်ခဲ့ပြီးနောက် ဒီရက်ပိုင်းတွင်းမှာ ဂုံးကောင်ရေ အမြောက်အများ သေဆုံးတာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။