သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-12-18
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ မြေပြိုကျ မှုကြောင့် နေအိမ်ပျက်စီးသွားသူတွေနဲ့ ဆက်လက်နေထိုင်ဖို့ မသင့်တော် တဲ့ နေအိမ်တွေက အိမ်ထောင်စုတွေကို လာမယ့် သီတင်းပတ်အတွင်း နမ်ဟောင်ကမ်းတောင်ကြော မှာ နေရာချထားပေးမယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ပြောပါတယ်။
2015-12-18
ဒီနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း သွားလာသူများနေ့ အထိမ်းအမှတ် အခမ်းအနား မှာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခွင့်အရေးကို အကာအကွယ်ပေးဖို့ မြန်မာရွှေ့ပြောင်းအလုပ်သမား များဆိုင်ရာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ အလုပ်သမားအဖွဲ့အစည်းများကွန်ရက်က အစိုးရ ကို တောင်းဆိုလိုက်ပါတယ်။
2015-12-17
အမေရိကန်ပြည်ထောင်စုအခြေစိုက် Freedom House ခေါ် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအဖွဲ့ရဲ့ ၂ဝ၁၅ ခုနှစ် အစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ ၁၉၆ဝ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်တဲ့ အစိုးရတရပ်ကို ဖွဲ့စည်းတည်ထောင်နေပြီလို့ ချီးမွမ်းဖေါ်ပြလိုက်ပါတယ်။
2015-12-17
အာဆီယံအင်ဂျင်နီယာ အသင်းများအဖွဲ့ချုပ် AFEO က ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းကို ဒီနေ့ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် အခမ်းအနားနဲ့ ပေးအပ်ခဲ့ပါတယ်။
2015-12-17
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေရဲ့ အတွေ့အကြုံတွေ၊ အခက်အခဲတွေ ကို ဆွေးနွေးဖလှယ်တဲ့ အခမ်းအနားမှာ နိုင်ငံရေး ပါတီငယ်တွေက ရန်ပုံငွေ အခက်အခဲရှိခဲ့တာတွေ ဆွေးနွေး ခဲ့ကြပါတယ်။
2015-12-17
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ကြီး Derek Mitchell ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့မှာရှိတဲ့ သက္ကယ်ပြင် မွတ်စလင်ဒုက္ခသည်စခန်း ကို ဒီနေ့ သွားရောက်လေ့လာပြီး မွတ်စလင်ခေါင်းဆောင် တချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
2015-12-17
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ ဖမ်းဆီးခံထားရတဲ့ ကဗျာ ဆရာမောင်ဆောင်းခ (ခေါ်) ကိုအောင်စည် သူ ကို ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် တရားရုံး မှာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ထပ်မံ တရားစွဲဆိုလိုက်ပါတယ်။
2015-12-17
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ ဒီနေ့တေ့ွဆုံရာမှာ၊ သူ့အနေနဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ်မရေးထိုး တဲ့ အကြောင်းရင်းကို ရှင်းပြခဲ့ပါတယ်။
2015-12-17
အစိုးရသစ်လက်ထက်မှာ လက်ရှိဝန်ထမ်းတွေကို အလုပ်ကထုတ်ပယ်တာမျိုး လုပ်မှာမဟုတ်သလို ၊ ကျောသားရင်သား မခွဲခြားဘဲ ဆက်ဆံသွားမှာဖြစ် လို့၊ အစိုးရဝန်ထမ်းတွေအနေနဲ့ စိတ်မပူကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။
2015-12-16
ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP က ထုတ်ဝေလိုက်တဲ့ ၂ဝ၁၅ ခုနှစ် လူသား ဖွံ့ဖြိုးမှုညွန်းကိန်းမှာ မြန်မာနိုင်ငံကို အဆင့် ၁၄၈ သတ်မှတ်ပြီး ဖွံ့ဖြိုးမှုနည်းပါးနိုင်ငံ စာရင်း ထည့်သွင်းထားပါတယ်။ အရှေ့တောင်အာရှနိုင် ငံတွေထဲမှာ မြန်မာပြည်က အနိမ့်ဆုံးလည်းဖြစ်ပါတယ်။
2015-12-16
ရှမ်းပြည်နယ် တောင်ကြီး၊ တာချီလိတ်နဲ့ ပင်လောင်း မြို့နယ်တွေမှာ ငွေကျပ်သိန်းပေါင်း တစ်သိန်း နှစ်သောင်း နီးပါး တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုမှာ အထူးစုံစမ်း စစ်ဆေးရေး (စ သုံးလုံး) အဖွဲ့က အရာရှိတချို့ ပါဝင်နေပြီး အဲဒီအမှုမှာ အဓိက ပါဝင်ပတ်သက်သူတွေ လွတ်မြောက်နေ ဆဲဖြစ်တယ်လို့ နေပြည်တော် မူးယစ်ဆေးဝါး တားဆီးနှိမ် နင်းရေးဌာန တာဝန်ရှိသူက ပြောပါတယ်။
2015-12-16
တနသာၤရီတိုင်းဒေသကြီး ထားဝယ် ခရိုင် လောင်းလုံမြို့နယ်က မောင်းမကန် ကမ်းခြေအနီးမှာရှိတဲ့ မြေလွတ်မြေရိုင်းတွေကို ထားဝယ် ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီ DDPC က မြေကွက် ရိုက်ပြီး ရောင်းချနေတာကို ဒေသခံ ၃၀၀ ကျော်က ဒီနေ့ ကန့်ကွက်ဆန္ဒပြကြပါတယ်။
2015-12-16
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်ရေးရာကော်မတီတွေမှာ တာဝန်ထမ်းဆောင် တဲ့အခါ ပါတီရဲ့ဂုဏ်သိက္ခာကို မထိခိုက်အောင် ပြော ဆိုဆွေးနွေး လုပ်ကိုင်နိုင်ဖို့ လိုအပ်ကြောင်း ပါတီရဲ့ နာယက သူရဦးတင်ဦးက ပြောပါတယ်။
2015-12-16
ရိုဟင်ဂျာဟာ တိုင်းရင်းသားတွေ ဖြစ်တယ် လို့ ရေသားထားတဲ့ မြန်မာ၊ အင်္ဂလိပ်၊ အာရဗီ သုံးဘာသာနဲ့ ပြက္ခဒိန် ရိုက်နှိပ်ထုတ်ဝေသူ ကျော်ပုံနှိပ်တိုက်ပိုင်ရှင် ဦးကျော်ကျော် အပါအဝင် ၅ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ဒီနေ့ ပုဇွန်တောင်မြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2015-12-16
ကချင်ပြည်နယ်က အစိုးရအုပ်ချုပ်ရေး နယ်မြေအတွင်းမှာ ခိုလှုံနေတဲ့ စစ်ဘေး ဒုက္ခသည်တွေကို အစိုးရနဲ့ ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေ က ဒီကနေ့အထိ ငွေကျပ်သိန်းပေါင်း တစ်သိန်း ခုနှစ်သောင်း (ကျပ်သန်းပေါင်း ကုဋေ ၁၇ဝဝ) ကျော်ဖိုး ထောက်ပံ့ပေးခဲ့ တယ်လို့ ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာ က ပြောပါတယ်။