သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-05-31
မြန်မာအစိုးရက တရုတ်ဟွာဝေးအပါအဝင် ကုမ္ပဏီအားလုံးကို တန်းတူယှဉ်ပြိုင်ခွင့်ပေးမယ်လို့ ဝန်ကြီး ဦးကျော်တင့်ဆွေက ဒီကနေ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပနေတဲ့ အာရှအနာဂတ်ညီလာခံအတွင်း Nikkei Asian Review နဲ့မေးမြန်းခန်းမှာ ပြောလိုက်ပါတယ်။
2019-05-31
ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာမွတ်စလင်ဒုက္ခသည်အားလုံးကို မြန်မာအစိုးရက ပြန်လည်လက်ခံမှာဖြစ်ပြီး နေထိုင်ခွင့်လက်မှတ်တွေလည်း ထုတ်ပေးသွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက ပြောပါတယ်။
2019-05-31
ဆရာတော် ဦးဝီရသူကို ဖမ်းဆီးတရားစွဲဆိုဖို့ အစိုးရက ညွှန်ကြားတာဖြစ်ကြောင်း၊ ဦးဝီရသူကို ဝန်းရံသူတွေ ပြုလုပ်တဲ့ ဆုတောင်းပွဲတွေနဲ့ပတ်သက်လို့ နိုင်ငံတော်လုံခြုံရေးကို ထိပါးလာနိုင်တဲ့ ကိစ္စတွေကို ဥပဒေအရ ကိုင်တွယ်သွားမှာဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ဒီနေ့ ပြောလိုက်ပါတယ်။
2019-05-31
မန္တလေးမြို့လုံခြုံရေးနဲ့ပတ်သက်ပြီး လိုအပ်ရင်ပစ်ဖို့ အမိန့်ပေးထားတယ်လို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်က ပြောပါတယ်။
2019-05-31
မန္တလေးမြို့ စည်ပင်ပိုင်မြေပေါ်မှာ ကျူးကျော်ဆောက်လုပ်ထားတယ်ဆိုပြီး ချမ်းမြသာစည်မြို့နယ်၊ ကံသာယာရပ်ကွက်အတွင်းက လူနေအိမ်အပါအဝင် အဆောက်အဦး ၁၅၀ ကျော်ကို ဇွန် ၇ ရက်နေ့နောက်ဆုံးထားဖယ်ပေးဖို့ စည်ပင်သာယာရေးကော်မတီက စာပေးပို့လိုက်ပါတယ်။
2019-05-31
ရခိုင်အမျိုးသားပါတီ ANP ထိပ်ပိုင်းခေါင်းဆောင်တွေဟာ အောက်ခြေမှာရှိတဲ့ ပါတီဝင်တွေရဲ့ ဆန္ဒကို အလေးမထားလို့ဆိုပြီး မာန်အောင်မြို့နယ် ပါတီအလုပ်အမှုဆောင်ကော်မတီဝင် ၁၅ ဦးရှိတဲ့အနက် ၁၃ ဦးက ပါတီကနေ နုတ်ထွက်စာပေးပို့လိုက်တယ်လို့ မာန်အောင်မြို့နယ်က ပါတီအတွင်းရေးမှူးအဖြစ်ဆောင်ရွက်ခဲ့တဲ့ ဦးသန်းနိုင် က RFA ကို ဒီနေ့ပြောပါတယ်။
2019-05-31
ဒါရိုက်တာ မင်းထင်ကိုကိုကြီး ရေးသားရိုက်ကူးထားတဲ့ လူ့အခွင့်အရေးနဲ့ သက်ဆိုင်တဲ့ ဇာတ်လမ်းတို ရုပ်ရှင် ၃၀ ကို လာမယ့် ဇွန်လ ၄ ရက်နေ့မှာ ပြပွဲကျင်းပဖို့ စီစဉ်ထားပါတယ်။
2019-05-31
ပြီးခဲ့တဲ့မေလအစောပိုင်းတုန်းက တပ်မတော်က သံသယရှိလို့ ဖမ်းဆီးစစ်ဆေးခံခဲ့ရပြီး ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့တဲ့ ကျောက်တန်းရွာသားတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ လူ့အခွင့်ရေးကော်မရှင် အဖွဲ့ဝင်တွေက မြေပြင်မှာ ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။
2019-05-30
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင်တွေကို လုပ်ကြံတိုက်ခိုက်ခဲ့တဲ့ ဒီပဲယင်းအရေးအခင်း ၁၆ နှစ် ပြည့် အခမ်းအနားကို စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ ကျည်ရွာမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
2019-05-30
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA အဖွဲ့တို့အကြား တိုက်ပွဲကာလအတွင်း အရပ်သားတွေထိခိုက်မှု အခြေအနေနဲ့ ပတ်သက်လို့ ရခိုင်အမျိုးသားပါတီ ANP က လေ့လာတွေ့ရှိထားတဲ့ အစီရင်ခံစာတစ်စောင် ကို ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။
2019-05-30
မန္တလေးတိုင်း မစိုးရိမ်တိုက်သစ်ကျောင်းက ဆရာတော် ဦးဝီရသူကို ဖမ်းဝရမ်းထုတ်အပြီး သြဝါဒခံယူဖို့ ဆင့်ခေါ်ထားတဲ့ ရန်ကုန်တိုင်း သံဃာ့မဟာနာယကရုံးအနီးမှာ ဦးဝီရသူကို ဝန်းရံတဲ့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေက ရန်ကုန်မြို့ ရွှေတိဂုံစေတီ အရှေ့ဘက်မုခ်မှာစုရုံးခဲ့ပြီး စေတီတော်အောင်မြေမှာ ဦးဝီရသူ ဘေးကင်းဖို့ မေတ္တာပို့ ဆုတောင်းခဲ့ကြပါတယ်။
2019-05-30
အိန္ဒိယနိုင်ငံကနေ မြန်မာနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၀ ဦး ကို တမူးမြို့နယ်ရဲစခန်းက ဖမ်းဆီးရမိထားပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။
2019-05-30
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်က ဟိန္ဒားသတ္တုတွင်းမှာ မြန်မာပွန်ပီပက်ကုမ္ပဏီကို လုပ်ပိုင်ခွင့် သက်တမ်းထပ်တိုးမပေးဖု့ိ ဒေသခံရွာသားတွေက တောင်းဆိုလိုက်ပါတယ်။
2019-05-30
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာက မွတ်ဆလင် ၁၀ ဦးကို သတ်မှုနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရတဲ့ တပ်မတော်သား ၇ ဦးဟာ လူသတ်လိုတဲ့ဆန္ဒမရှိဘဲ ဒေသခံတွေက လက်စားချေဖို့ တောင်းဆိုခဲ့မှုကြောင့် လုပ်ထုံးလုပ်နည်းလွဲမှားစွာ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က RFA ကို ပြောပါတယ်။
2019-05-30
ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအတွက် ငွေကြေးကောက်ခံပေးတယ်ဆိုပြီး တပ်မတော်က ဖမ်းဆီးတရားစွဲဆိုထားတဲ့ ကျောက်မဲမြို့နယ် နမ့်ဟူးတောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို ကျောက်မဲမြို့နယ်တရားရုံးမှာ ဒီကနေ့ရုံးထုတ်ခဲ့ပါတယ်။