သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-05-16
ထိုင်း မြန်မာနယ်စပ် မဲဆောက်ဒေသတွင်းက ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေ ပတ်စ်ပို့လုပ်ဖို့ ငွေအကြေသွင်းထားပြီးပေမယ့် ယနေ့တိုင် ပတ်စ်ပို့မရဘဲ ဒုက္ခရောက်နေတယ်လို့ စုံစမ်းသိရပါတယ်။
2012-05-16
အိန္ဒိယနိုင်ငံမှာ ခိုလှုံခွင့်လျှောက်ထားတဲ့ မြန်မာဒုက္ခသည် ၂၅၀၀ ကျော်အတွက် တရားဝင် ရေရှည်နေထိုင်ခွင့် ဗီဇာတွေ ထုတ်ပေးတော့မယ်လို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက သတင်း ထုတ်ပြန်လိုက်ပါတယ်။
2012-05-16
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဇိုမီးအမျိုးသားကွန်ကရက်ပါတီ (ZNC) ရဲ့အမည်နာမကို လက်မခံတဲ့အတွက်ကြောင့် တခြားနာမည်တစ်ခု အစားထိုးပြီး နိုင်ငံရေးပါတီ တည်ထောင်ခွင့် ပြန်လည်လျှောက်ထားမယ်လို့ ပါတီ ဥက္ကဋ္ဌ ပူးကျင့်ရှင်းထန်းက ပြောကြားလိုက်ပါတယ်။
2012-05-16
သြစတြေးလျနိုင်ငံ Center for Democracy Institution က စီစဉ်ဆောင်ရွက်ပြီး ကမ်ဘာရာမြို့တော်ရှိ သြစတြေးလျ အမျိုးသားတက္ကသိုလ်မှာ ကျင်းပမယ့် နိုင်ငံရေးပါတီခေါင်းဆောင်များ နှီးနှောဖလှယ်ပွဲကို မြန်မာနိုင်ငံက နိုင်ငံရေး ပါတီခေါင်းဆောင် အနည်းဆုံး ၅ ဦး တက်ရောက် ဆွေးနွေးမယ်လို့ သတင်းရရှိပါတယ်။
2012-05-15
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်နဲ့ ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2012-05-15
ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်က စပယ်ပွင့်နဲ့ ပုလဲ ဆိုတဲ့ အထည်ချုပ်စက်ရုံ ၂ ရုံက အလုပ်သမားတွေဟာ အခြေခံလုပ်ခလစာ တိုးပေးဖို့နဲ့ အခြားအလုပ်သမား အခွင့်အရေးရဖို့ ဒီနေ့ ဆန္ဒပြနေကြပါတယ်။
2012-05-15
ကမ္ဘာ့စက်မှုထိပ်သီး ၈ နိုင်ငံအစည်းအဝေးက မြန်မာနိုင်ငံက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေနဲ့ အမျိုးသားရင်ကြားစေ့ရေး အစီအစဉ်တွေ ရှေ့ဆက် အရှိန်အဟုန် ကောင်းလာအောင် ထောက်ပံ့ကူညီသွားဖို့ ဆွေးနွေးကြမယ်လို့ ပြောပါတယ်။
2012-05-15
ရွှေတြိဂံနယ်မြေက မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး နာမည်ကြီးတဲ့ စိုင်းနော်ခမ်းရဲ့ အဖွဲ့ဝင် ၂၅ ဦးဟာ တာချီလိတ်မြို့နယ်က တပ်စခန်းတစ်ခုမှာ မနေ့ညနေပိုင်းက လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်ဝင်ရောက်ခဲ့ပြီး ဒီကနေ့ မနက်ပိုင်းမှာတော့ အခမ်းအနားနဲ့ ကြိုဆိုခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
2012-05-15
ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့ ဘန်ဆန်ခွဲအရပ်မှာရှိတဲ့ M Apparel Co,LTD (အမ် အဲပရယ်) ကုမ္ပဏီ အထည်ချုပ်စက်ရုံက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ မနေ့ ညနေပိုင်းမှာ လုပ်ခလစာ ရက်အတိအကျ ထုတ်ပေးဖို့ အချိန်ပိုမဆင်းပဲ ဆန္ဒပြခဲ့ပါတယ်။
2012-05-15
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်အစိုးရအနေနဲ့ မြန်မာအစိုးရအပေါ် ပိတ်ဆို့မှုတွေ ဆိုင်းငံ့ရပ်တန့်ထားမှာကို သူကန့်ကွက်မှာ မဟုတ်ကြောင်း၊ ဒါပေမယ့် ပိတ်ဆို့အရေးယူမှုတွေဟာ မြန်မာအစိုးရကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့အတွက် စည်းရုံးပြောဆိုရမှာ အရေးပါ ထိရောက်ကြောင်း ပြောဆိုလိုက်ပါတယ်။
2012-05-14
အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို လက်နက်ရောင်းဝယ်မှုကလွဲပြီး အားလုံးကို ယာယီရပ်တန့်ထားဖို့ မနေ့က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
2012-05-14
အာဆီယံ လူ့အခွင့်အရေးကော်မရှင်ရဲ့ အလှည့်ကျအစည်းအဝေးကို လာမယ့်ဇွန်လ ပထမအပတ်အတွင်း မြန်မာနိုင်ငံမှာ ကျင်းပဖို့ရှိကြောင်း သိရပါတယ်။
2012-05-14
တောင်ကိုရီးယား သမ္မတ Lee Myung-bak ဟာ မြန်မာနိုင်ငံ ၂ ရက်ကြာ ခရီးစဉ်အဖြစ် နေပြည်တော်ကို ရောက်ရှိနေပြီး သမ္မတ ဦးသိန်းစိန် အပါအဝင် အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးနေတယ်လို့ သိရပါတယ်။
2012-05-14
ပိုလန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြီးမှူးဖွင့်လှစ်တဲ့ Democracy Lessons Learned အလုပ်ရုံဆွေးနွေးပွဲနဲ့ သတင်းမီဒီယာပို့ချပွဲ ပိတ်ပွဲအခမ်းအနားကို ဒီကနေ့ ကျင်းပရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကား ပြောကြားပါတယ်။
2012-05-14
ဟင်္သာတမြို့ ဗုံးဖောက်ခွဲမှုနဲ့ ပတ်သက်ပြီး သံသယရှိခံရသူတစ်ဦးကို တိုင်းရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးခေါ်ဆောင်လာခဲ့တယ်လို့ ဟသာၤတမြို့ခံ မျက်မြင်သက်သေတွေက ပြောဆိုကြပါတယ်။