သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-05-20
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Li Junhua ဟာ ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းကို မနေ့ကနေ့လည်ပိုင်းမှာ လာရောက်လေ့လာပြီး ဒေသခံတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
2013-05-20
တရုတ်နိုင်ငံ၊ ယူနန်ပြည်အစိုးရအဖွဲ့က သုတေသနပညာရှင်အဖွဲ့နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တို့ ဒီကနေ့မနက်ပိုင်းက နိုင်ငံရေး၊ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုပိုင်းဆိုင်ရာတွေ ကို ဆွေးနွေးခဲ့ကြပါတယ်။
2013-05-20
တောင်သူလယ်သမားများ အကျိုးစီးပွားကာ ကွယ်မြှင့်တင်ရေးနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနဲ့ ပြည်သူ့လွှတ်တော် ဥပဒေ ကြမ်းရေးဆွဲရေးကော်မတီတို့ ဒီကနေ့နေ့လည်က နေပြည်တော်မှာ အစည်းအဝေး ကျင်းပခဲ့ကြပါတယ်။
2013-05-20
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ လှိုင်သာယာစက်မှုဇုန် ၄ မှာရှိတဲ့ ဝမ်ဟောင်ဟန်း အထည်ချုပ်စက်ရုံက အလုပ်သမား ၆၀၀ ကျော်ဟာ လုပ်ခလစာတိုးပေးဖို့အတွက် ၅ ရက်မြောက်နေ့အဖြစ် ဒီကနေ့မှာ ဆက်လက် ဆန္ဒပြတောင်း ဆိုနေပါတယ်။
2013-05-19
နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်လာစေဖို့ အတွက် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ဟာ လာမယ့်သောကြာနေ့မှာ မြန်မာနိုင်ငံကို ၃ ရက်ကြာ ချစ်ကြည်ရေးခရီး သွားရောက်မယ်လို့ အစိုးရသတင်း ရပ်ကွက်က ပြောဆိုကြောင်း Japan Times သတင်းစာ က ဖေါ်ပြပါတယ်။
2013-05-19
မြန်မာနိုင်ငံရဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသ မီးနိုင်ငံရေး ကိုယ်စားလှယ်အရေအတွက် ပိုမိုပါဝင်ယှဉ်ပြိုင် လာဖို့ လက်ရှိအမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ အားကြိုးမာန်တက် စည်းရုံးဆောင်ရွက်ကြဖို့ အိန္ဒိယနိုင်ငံ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေက တိုက်တွန်းလိုက်တယ်လို့ သိရပါတယ်။
2013-05-19
မြန်မာ့လက်ရှိနိုင်ငံရေး အခြေအနေတွေ ကို တောင်ကိုရီးယားနိုင်ငံရောက် မြန်မာ နိုင်ငံသားတွေနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုဂျင်မီ၊ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက် တစ်ကျောင်းသားများတပ်ဦး ဥက္ကဌ ကိုသံခဲနဲ့ DPNS လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်တို့က ဆိုးလ်မြို့မှာ ဒီနေ့တွေ့ဆုံဆွေးနွေးကြပါတယ်။
2013-05-19
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကြောင့် လယ်ယာမြေ သိမ်းဆည်း ခံထားရတဲ့ ဒေသခံတွေရဲ့ နစ်နာမှုတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ဖြေရှင်းဆောင်ရွက်မှုတွေ ပြုလုပ်နိုင်ဖို့အတွက် ဒေသခံကျေးရွာ ၁၃ ရွာအသီးသီးမှာ ပြည်သူ့ လယ်ယာမြေ ကာကွယ်ရေးကော်မတီတွေကို ဒီကနေ့မှာ ဖွဲ့စည်းလိုက်ပြီလို့ သိရပါတယ်။
2013-05-19
ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင် ခန်းမမှာ ကျင်းပခဲ့တဲ့ ကရင်ရေးရာ အစည်းအဝေး က ရွေးချယ်တင်မြောက်လိုက်တဲ့ ကရင်အမျိုးသား စည်းလုံးညီညွှတ်ရေးနဲ့ ငြိမ်းချမ်းရေး ကော်မတီဟာ ရန်ကုန်မြို့မှာ ဒီကနေ့ စုံညီအစည်းအဝေးတစ်ရပ် ကို နောက်ဆုံးနေ့အဖြစ် ကျင်းပခဲ့ပါတယ်။
2013-05-19
ယခင် စစ်အစိုးရ လက်ထက်က တရုတ်နိုင်ငံနဲ့ ချုပ်ဆိုခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် စာချုပ်အားလုံးကို ပြန်လည်ပြင်ဆင် ချုပ်ဆိုဖို့ ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီက ဒီကနေ့တောင်းဆို လိုက်ပါတယ်။
2013-05-19
မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေးရယူထားတဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO လက်အောက်ခံ ပအိုဝ်းအမျိုးသားတပ်မတော် PNA အဖွဲ့ က တောင်ကြီးမြို့၊ မောက်စံကျေးရွာက ဒေသခံ NLD ပါတီဝင်တွေကို ပါတီဝင်အဖြစ်က နှုတ်ထွက်ခိုင်းတာနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင်ကို NLD ပါတီက ဒီကနေ့ တိုင်ကြားစာတစ်စောင် ပေးပို့လိုက်ပါတယ်။
2013-05-19
အမေရိကန်ပြည်ထောင်စုကို မေလ ၁၈ ရက်နေ့ စနေနေ့မှာရောက်ရှိခဲ့တဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ခရီးရောက်မဆိုက်မှာပဲ မြန်မာ လူမျိုးတွေ အမိမြေကိုပြန်လာပြီး တိုင်းပြည် တည်ထောင်ရေးမှာ တတပ်တအားပါဝင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
2013-05-18
မွန်ပြည်နယ် ပေါင်မြို့မှာ မီတာတပ်ဆင်ခငွေကျပ် ဆယ်သိန်း တောင်းခံတာကြောင့် မကျေနပ်ကြတဲ့ ကျေးရွာ ၁၄ ရွာက ဒေသခံပြည်သူတွေဟာ ဒီကနေ့ ရပ်ကွက် ၃ ခုမှာ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
2013-05-18
ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်မှာ ရှိတဲ့ ကိုရီးယားနိုင်ငံသားပိုင် ရက်စ် (YES) အထည်ချုပ်စက်ရုံမှာ အလုပ်သမား တစ်ထောင်ကျော်လောက်ဟာ လုပ်ခလစာ တိုးမြှင့်ရရှိဖို့ ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2013-05-18
၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနဲ့ ကေအိုင်အို ကချင်လက်နက်ကိုင်အဖွဲ့တို့ လာမယ့် မေလ ၂၈ ရက်နေ့ ကျရင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ငြိမ်းချမ်းရေးတွေ့ ဆုံဆွေးနွေးဖို့ နှစ်ဖက်သဘောတူညီလိုက်ပြီလို့ သိရပါတယ်။