သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-08-20
ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံဘေးမှာ ဖွင့်လှစ်ထားတဲ့ မိကျောင်းကန်သပိတ် စခန်းခေါင်းဆောင် ဦးစိန်သန်းကို တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ဗဟန်းမြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၄ လ ချမှတ်လိုက်ပါတယ်။
2014-08-20
ရခိုင်ပြည်နယ် မြေပုံမြို့နယ်မှာ မြန်မာနိုင်ငံ သားဖြစ်ခွင့်လျှောက်ထားသူ တစ်ထောင်ကျော်ထဲက ၃၅၀ နီးပါးကို ၁၉၈၂ ခုနှစ် မြန် မာနိုင်ငံသားဖြစ်မှုဥပဒေနဲ့ စစ်ဆေး ပြီးဖြစ်ကြောင်း မြို့နယ်အဆင့် စီစစ်ရေးအဖွဲ့ဝင်တွေ က ပြောပါတယ်။
2014-08-19
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်က အရှေ့ရွာသစ်၊ တမာကုန်းနဲ့ ဆီဆုံကျေးရွာ မှာ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်က သိမ်း ယူထားတဲ့ လယ်ယာမြေတွေမှာ ဝင်ရောက်ထွန်ယက်ခဲ့ တဲ့ တောင်သူတွေထဲ က ၁၀ ဦးကို ကျူးကျော်ဝင်ရောက်မှု ပုဒ်မ ၄၄၇၊ အကျိုးပျက်စီးမှု ပုဒ်မ ၄၂၇ နဲ့ စဉ့်ကိုင်မြို့နယ် တရားရုံးက ထောင်ဒဏ် ၄ လစီ ဒီနေ့ ပြစ်ဒဏ်ချမှတ်လိုက် ပါတယ်။
2014-08-19
တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ဖက်ဒရယ်စနစ်တည်ဆောက်ရေးကို အစိုးရက သဘောတူ လိုက်တဲ့အတွက် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ဖို့ နီးစပ်လာပြီလို့ ယုံကြည်ကြောင်း တစ်နိုင်ငံ လုံးအပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင်တွေနဲ့ ဒီနေ့ တွေ့ဆုံခဲ့တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေ က ပြောပါတယ်။
2014-08-19
၁၉၉၀ ပါတီစုံရွေးကောက်ပွဲကာလမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဦးဆောင် ခဲ့သူ ဦးကြည်မောင် ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့်အခမ်းအနားကို မိသားစုဝင်တွေ၊ နိုင်ငံရေးလုပ်ဖော် ကိုင်ဖက်တွေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ စုပေါင်းပြီး ရန်ကုန်မြို့ ရွှေဂုံတိုင်က တော်ဝင်နှင်းဆီခန်းမမှာ ဒီနေ့ ကျင်းပ ခဲ့ပါတယ်။
2014-08-19
နစ်နာကြေးမပေးဘဲ စက်ရုံပိတ်သိမ်းခဲ့တဲ့ Master Sports ဖိနပ်စက်ရုံက အလုပ် သမား ၇၅၇ ဦးကို လုပ်သက်အလိုက် လုပ်ခလစာ ၁ လစာ ကနေ ၆ လစာအထိ နစ်နာကြေးပေးဖို့ ရန်ကုန်တိုင်းဒေသ ကြီး ခုံသမာဓိကောင်စီက ဒီနေ့ ဆုံးဖြတ်ပေးခဲ့ပါတယ်။
2014-08-19
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအကြား အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ကျင်းပမယ့် နိုင်ငံရေးဆွေးနွေး ပွဲတွေမှာ နိုင်ငံရေးပါတီတွေအပြင် အရပ်ဘက်အဖွဲ့ အစည်းတွေ ပါဝင်ဆွေးနွေးဖို့လိုအပ်ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT အဖွဲ့ ဝင် ဒေါက်တာ ဆလိုင်း လျန်မှုန်းဆာခေါင်က ဒီနေ့ ပြောပါတယ်။
2014-08-19
ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားရေးအဖွဲ့ခေါင်းဆောင် ကိုထင်ကျော် ကို နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ ဒီနေ့ ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့နယ်တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ် ကျခံဖို့ အမိန့်ချမှတ်လိုက် ပါတယ်။
2014-08-19
တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးမှာ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့အခါ မဲလက်မှတ်ပေါ်မှာ ပါတီနာမည်၊ ပါတီတံဆိပ်နဲ့အတူ အရွေးခံတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ရဲ့ အမည်ကိုပါ ထည့်သွင်းရေးသားထားမယ့် PR ခေါ် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကိုကျင့်သုံးဖို့ အမျိုးသားလွှတ်တော်က ဖဲ့ွစည်းထားတဲ့ PR စနစ် ကျင့်သုံးရေး အကောင်အထည်ဖော်မှုကော်မရှင်က ဆုံးဖြတ်လိုက်ပါတယ်။
2014-08-18
မြန်မာနိုင်ငံမှာ တရားမဝင်ရရှိတဲ့ ငွေတွေ ကို တရားဝင်ဖြစ်အောင် နည်းအမျိုးမျိုးနဲ့ လုပ်ကိုင်နေကြ တာတွေကို ထိ ထိရောက်ရောက် တိုက်ဖျက်နှိမ်နင်းနိုင်ဖို့အတွက် ငွေကြေး ခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်းထားကြောင်း ပြည် ထဲရေးဝန်ကြီးဌာနက မနေ့က ပြောပါ တယ်။
2014-08-18
ရန်ကုန်မြို့မှာ နှစ်ရက်ကြာကျင်းပ ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား အနက် အဓိပ္ပာယ်ဖွင့်ဆိုချက် အလုပ်ရုံဆွေးနွေးပွဲကနေ သတ်မှတ် လိုက်တဲ့ နိုင်ငံရေးအကျဉ်းသား အနက်အဓိပ္ပာယ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မရမ်းကုန်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေဝင်းမြင့်က ပြည်သူ့လွှတ်တော်မှာ တင်သွင်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။
2014-08-18
ရှေ့လမှာ ပြန်လည်ကျင်းပမယ့် အမျိုးသား လွှတ်တော် အစည်းအဝေးမှာ ပီအာစနစ်နဲ့ ပတ်သက်ပြီး မူကြမ်းတစ်ခု တင်ပြနိုင်ဖို့ အတွက် ပီအာစနစ် အကောင်အထည်ဖော်ရေး ကော်မရှင် အဖွဲ့ဝင်တွေဟာ ဒီနေ့ နေပြည်တော်မှာ ဆွေးနွေးခဲ့ကြ ပါတယ်။
2014-08-18
မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့ နယ် ညောင်ဝန်းကျေးရွာက သိမ်းဆည်းခံ ထားရတဲ့ လယ်ယာမြေတွေမှာဝင်ရောက် ထွန်ယက်တဲ့ တောင်သူတွေနဲ့ မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေ အကြား ပဋိပက္ခဖြစ်ပွားစဉ် တောင်သူတွေက သေနတ်တွေ ကိုလုတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်တာဖြစ် တယ်လို့ မန္တလေးတိုင်းရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး ဦးဇော်မင်း ဦး ရဲ့ ပြောကြားချက်တွေဟာ မမှန်ကန်ကြောင်း တောင် သူတွေက ဒီနေ့ ပြောပါတယ်။
2014-08-18
မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက် တဲ့ ရာဇဝတ်မှုခင်းတွေ နှိမ်နင်း ပပျောက်ရေး အတွက် ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက် ဖျက်ရေးအဖွဲ့ UNODC က ရေးဆွဲတင်ပြထားတဲ့ အဆိုပြု ချက်ကို ဒီနေ့ နှစ်ဖက်ကိုယ်စားလှယ်တွေ ရန်ကုန်မြို့မှာ လက်မှတ်ရေးထိုးလိုက်ကြပါတယ်။
2014-08-18
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညိုနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင်တွေ နဲ့ နိုင်ငံရေးပါတီ ၃၄ ပါတီက ကိုယ်စားလှယ်တွေ ဟာ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့၊ ရွှေလီလမ်းမှာရှိ တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီနေ့ တွေ့ ဆုံဆွေးနွေးကြပါတယ်။