သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-12-21
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အရပ်သားတွေ စစ်ဘေးရှောင်ရင်း တောတောင်ထဲမှာ မြွေကိုက်ခံရသူ ၄၃ ဦးအထိ ရှိလာပြီး အဲဒီထဲက လေးဦး သေဆုံးခဲ့တယ်လို့ ဒုက္ခသည်အရေး ကူညီသူတွေက ပြောပါတယ်။
2022-12-21
စစ်ကောင်စီတပ်က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကော့နွဲရွာထဲကို ဒီဇင်ဘာလ ၂၀ ရက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အရပ်သားတစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-12-21
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးပင်သာရွာက အသက် ၁၃ နှစ်အရွယ် ခြောက်တန်းကျောင်းသားတစ်ဦးကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၁၉ ရက်ညပိုင်းမှာ သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
2022-12-21
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ ဝမ်ပေါင်ကုမ္ပဏီရှိရာ တစ်ဝိုက်ကို ဒီနေ့ မနက်အစောပိုင်း စစ်ကြောင်းဝင်လာတာကြောင့် ဆားလင်းကြီးအပြင် ယင်းမာပင်မှာရှိတဲ့ ရွာပေါင်း ကိုးရွာက ဒေသခံခြောက်ထောင်ကျော် ဘေးလွတ်ရာတွေကို ထွက်ပြေးခဲ့ရပါတယ်။ နေ့လယ်ပိုင်းစစ်ကြောင်းတွေ ပြန်ထွက်သွားပေမယ့် ဒေသခံတွေကတော့ ရွာတွေထဲ ပြန်မဝင်ရဲသေးဘူလို့ ဆိုပါတယ်။
2022-12-21
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိ ဦးအောင်နိုင်ဦးကို နေပြည်တော် အချုပ်ထောင်တွင်းတရားရုံးကနေ ဒီဇင်ဘာလ၂၁ ရက် ဒီကနေ့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒ ပုဒ်မ ၅၂ (က) နဲ့ ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2022-12-21
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ကတုံးလေးကျွန်းအနီးမှာ စက်လှေနှစ်စီးနဲ့လိုက်ပါလာတဲ့ ကလေးငယ် ရှစ်ဦး အပါအဝင် ရိုဟင်ဂျာ ၁၁၂ ဦး ဒီဇင်ဘာလ ၂၀ ရက် မနေ့မနက်က ဦးဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-12-20
ဒီအစည်းအဝေးဟာ တရားဝင်အာဆီယံအစည်းအဝေးမဟုတ်ဘဲ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကျပ်အတည်းအခြေအနေတွေကြောင့် ထိခိုက်မှုရှိတဲ့ နိုင်ငံတွေက တာဝန်ရှိသူတွေကို ခေါ်ယူပြီး အမြင်ချင်းဖလှယ်ဖို့ ကြိုးပမ်းတာသာဖြစ်တယ်လို့ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ထိုင်း PBS သတင်းဌာနကို ပြောပါတယ်။
2022-12-20
အခုလက်ရှိလည်း ပြည်သူ့ဘက်ရပ်တည်ချင်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပြည်သူ့ဘက် မကူးပြောင်းနိုင်သေးလို့ ဖရဲသီးအဖြစ် တော်လှန်ရေးအတွက် အကျိုးဖြစ်စေမယ့် သတင်းအချက်အလက်တွေ ပေးပို့နေသူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
2022-12-20
ရန်ကုန်-ဒလ ပြေးဆွဲနေတဲ့ ချယ်ရီအမှတ်-၂ ခရီးသည်တင် ရေယာဉ်ပေါ်မှာ ဒီဇင်ဘာ ၁၈ ရက်နေ့ညနေပိုင်းက ဗုံးပေါက်ကွဲခဲ့တာကြောင့် ခရီးသွားပြည်သူ ၁၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
2022-12-20
ဒီလှေဟာ နိုဝင်ဘာလကုန်လောက်ကတည်းက ပင်လယ်ထဲကို ထွက်လာတာဖြစ်နိုင်ပြီး လှေပေါ်လာသူတွေဟာ အစာရေစာ ပြတ်လတ်မှုကြောင့် သေလုမြောပါး ဖြစ်နေတဲ့အကြောင်း သတင်းရထားတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပြောထားပါတယ်။
2022-12-20
ဒေါ်အောင်ဆန်းစုကြည် စွပ်စွဲခံရတဲ့အမှုတွေထဲက နောက်ဆုံးကျန်နေတဲ့ အဂတိအမှုငါးမှုကို ဒီဇင်ဘာလ ၂၆ ရက် တနင်္လာနေ့မှာ အပြီးသတ်လျှောက်လဲချက်ပေးမယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2022-12-20
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့က CDM အထက်တန်းပြဆရာမတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ဒီဇင်ဘာလ ၂၀ ရက် ဒီကနေ့ ပြောပါတယ်။
2022-12-20
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်က မောသစ်ရွှေဆိုင်နဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ငှက်ပျောတောရပ်ကွက်က ကြယ်စင်ရွှေဆိုင်တွေ ဒီဇင်ဘာလ ၂၀ ရက် ဒီကနေ့ မနက်ပိုင်းက ဓားပြတိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-12-20
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် ထန်းပင်ကုန်းရွာက ဒေသခံနှစ်ဦးဟာ ရွာကိုစားနပ်ရိက္ခာပြန်ယူချိန်မှာ စစ်ကောင်စီတပ်သားတွေနဲ့တိုးပြီး ဒီဇင်ဘာလ ၁၈ ရက်က ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-12-20
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် ပိန်းအင်းရွာဘုန်းကြီးကျောင်းအနီးမှာ စစ်ကောင်စီတပ်တွေ သေနတ်နဲ့ပစ်သတ်ပြီး မြေမြှုပ်ထားတဲ့ အရပ်သားလေးဦးရဲ့ ရုပ်အလောင်းတွေကို ဒီဇင်ဘာလ၂၀ ရက် ဒီကနေ့ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။