သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-09-15
ချင်းပြည်နယ် (မြောက်ပိုင်း) တီးတိန်မြို့၊ ထုတ်လိုင်ကျေးရွာအနီးက မိုင်တယ် (Mytel) တာဝါတိုင်တစ်ခု စက်တင်ဘာ ၁၅ ရက်ဒီနေ့မှာ ဖောက်ခွဲဖျက်ဆီး ခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
2021-09-15
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဟက်ဟင်ကျေးရွာမှာ တရုတ်နိုင်ငံက မြန်မာပိုင်နက်ထဲကို ဝင်ပြီး ခြံစည်းရိုးကာနေလို့ဆိုပြီး ဒေသခံတွေက ကန့်ကွက် နေကြပါတယ်။ စက်တင်ဘာလ ၁၂ ရက်နေ့မှာ တရုတ်ဘက်က ကာရံထားတဲ့ ခြံစည်းရိုးတွေကို ဒေသခံတွေက ဖျက်ဆီးခဲ့ကြပါတယ်။
2021-09-15
စစ်ကိုင်းတိုင်း ကလေးမြို့ အောင်မင်္ဂလာရပ်ကွက်မှာ နေထိုင်တဲ့ ဦးမောင်နဲ့ စက်မှုဇုန်ရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားနှစ်ဦး၊ စုစုပေါင်း သုံးဦး စက်တင်ဘာလ ၁၄ ရက် မနေ့က ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
2021-09-15
မြန်မာနိုင်ငံအရေး ဆွေးနွေးအဖြေရှာနိုင်ဖို့အတွက် အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို အမြန်ဆုံးသွားရောက်ဖို့ အမေရိကန်ပြည်ထောင်စု ကုန်သွယ်ရေး ကိုယ်စားလှယ် Katherine Tai က တိုက်တွန်းလိုက်ပါတယ်။
2021-09-15
ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်ထဲက ဘုရားကြီးကျေးရွာမှာ စက်တင်ဘာ ၁၄ ရက် မနေ့ ညပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဒေါ်ဌေးဝင်းနဲ့ မိသားစုတွေအပြင် ဘုရားကြီးကျေးရွာ NLD ဥက္ကဋ္ဌ ဦးလှစိုးနဲ့ ပါတီဝင်အချို့ကို စစ်ကောင်စီတပ်သားတွေက လာရောက်ဖမ်းသွားတယ်လို့ သုံးခွဒေသခံတွေကပြောပါတယ်။
2021-09-15
ပဲခူးမြို့မှာ ဧရာဝတီဘဏ် (AYA Bank) ရဲ့ ကျပ်ငွေ သန်း ၄၀၀၀ ဓားပြတိုက် ခံရတဲ့ကိစ္စကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) ကလုပ်တာလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပြီး စွပ်စွဲထားပါတယ်။
2021-09-15
ရန်ကုန်မြို့ ဒဂုံတက္ကသိုလ်က ကျောင်းသား၊ ကျောင်းသူ ခြောက်ဦးကို စက်တင်ဘာ လ ၁၄ ရက် မနေ့ညပိုင်းက ကျောက်တံတားမြို့နယ်ထဲမှာ ဧည့်စာရင်းကို အကြောင်း ပြပြီး စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားပါတယ်။
2021-09-15
မကွေးတိုင်း၊ စလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးနိုင်လင်းကို စက်တင်ဘာလ ၁၄ ရက် မနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ပစ်ခတ် ဖမ်းဆီးခဲ့တာကြောင့် ကျည်ဆန်ထိမှန် သေဆုံးသွားပါတယ်။
2021-09-15
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ သိမ်ကုန်းကျေးရွာက ဒေသခံ လေးဦးကို စက်တင်ဘာလ ၁၄ ရက်နေ့ ည ၁၀ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်သားတွေ လာဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-14
CDM ပြည်သူနဲ့ပူးပေါင်းလာတဲ့ တပ်မတော်သားတွေနဲ့ ပြည်သူ့ရဲတွေရဲ့ မိသားစု တွေကို အာဏာသိမ်းစစ်ကောင်စီ အရာရှိတွေက နည်းမျိုးစုံနဲ့ ဆက်သွယ်ပြီး ခြိမ်းခြောက်မှုတွေ နဲ့ စည်းရုံးဖြားယောင်းမှုတွေ လုပ်ဆောင်နေပါတယ်။ ယခု လတ်တလောမှာတင် ပြည်သူ့ဘက်ကူးပြောင်းခဲ့တဲ့ ဗိုလ်မှူး ဟိန်းသော်ဦး ရဲ့ ညီမ မထိုက်ထိုက်ထွန်း ကို စစ်ကောင်စီ အရာရှိတစ်ဦးက Facebook Messenger က ဆက်သွယ်ပြီး သူ့အကိုနဲ့ မောင်တို့ကို လက်နက်ချခိုင်းဖို့ ခြိမ်းခြောက် ခဲ့တယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
2021-09-14
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂရုံးချုပ်မှာ စတင်ကျင်းပ နေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံအတွက် Credentials Committee လို့ ခေါ်တဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ကိုယ်စားလှယ် အသိအမှတ် ပြုရမယ့် စိစစ်ရေး ကော်မတီမှာ ပါဝင်ရမယ့် အဖွဲ့ဝင် ၉ နိုင်ငံကို မနေ့က ကြေညာလိုက်ပါတယ်။
2021-09-14
အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှာ စာရွက်စာတမ်း သက်သေခံကတ်ပြား အတုတွေ ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသား ၂၆ ယောက်ကို အိန္ဒိယ အာဏာပိုင်တွေက စက်တင်ဘာလ ၁၂ ရက်နေ့မှာ ဖမ်းဆီးလိုက်တယ်လို့ အိန္ဒိယကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
2021-09-14
စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ပါမောက္ခရှောင်တားနဲလ်ကို ရန်ကုန်ကနေ နေပြည်တော်တရားရုံးကိုပြောင်းပြီး စစ်ဆေးတော့မယ်လို့ သြစတြေးလျနိုင်ငံအခြေစိုက် The Newdaily သတင်းစာမှာ ဒီနေ့ရက်စွဲနဲ့ ဖော်ပြလိုက်ပါတယ်။
2021-09-14
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာအုပ်စုအတွင်းမှာ စက်တင်ဘာလ ၁၄ ရက် ဒီမနက်ပိုင်းကစလို့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်တွေ တိုက်ပွဲဖြစ်ပွားပြီး ဟိုခဲကျေးရွာသား တစ်ထောင်ဝန်းကျင်ဟာ ဘုန်းကြီးကျောင်းတွေမှာ ထွက်ပြေးခိုလှုံနေကြရတယ်လို့ မိုင်းကိုင်မြို့ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-09-14
နေပြည်တော် လယ်ဝေးမြို့နယ် ရှမ်းစုကျေးရွာက စစ်ဆေးရေးဂိတ်ကို ဒီနေ့ နေ့လယ်ပိုင်းက နေပြည်တော် PDF အဖွဲ့က သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့လို့ ဒုရဲအုပ်တစ်ယောက် သေဆုံးသွားတယ်လို့ နေပြည်တော် PDF အဖွဲ့က ထုတ်ပြန်ပါတယ်။