သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-09-13
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့က အကြမ်းမဖက်လူထုလှုပ်ရှားမှု (CDM) မှာ ပါဝင်ထားတဲ့ မြို့နယ်ရဲတပ်ဖွဲ့က ရဲဝန်ထမ်းကို စက်တင်ဘာလ ၁၂ ရက် မနေ့ည ၁၀ နာရီခန့်မှာ စစ်ကောင်စီတပ်က သွားရောက်ဖမ်းဆီးခဲ့ရာ အဲဒီရဲဝန်ထမ်းကို မတွေ့တာကြောင့် မိသားစုဝင်တွေကို ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2021-09-13
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် တို့အပေါ် စွဲဆိုထားတဲ့အမှု ရုံးချိန်းတွေကို နှစ်လကြာ ရပ်နားထားရာက နေပြည်တော်မှာ ဒီနေ့ ဆက်လက် စစ်ဆေးရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေအရ ဒီနေ့မစစ်ဆေးနိုင်ဘဲ အနားယူခဲ့ရပါတယ်။
2021-09-13
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကိုပဲ မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်အဖြစ် ကုလမဂ္ဂမှာ ဆက်ပြီးတာဝန်ထမ်းဆောင်ခွင့်ပေးဖို့ မြန်မာနဲ့နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်းတွေ စုပေါင်းပြီး ကုလသမဂ္ဂကို တိုက်တွန်းနေကြတဲ့အကြောင်း Aljazeera သတင်းမှာ ဒီကနေ့ ဖော်ပြထားပါတယ်။
2021-09-13
၂၀၂၁ ပြည့်နှစ် မေလကနေ စတင်ခဲ့တဲ့ စစ်ကောင်စီနဲ့ ချင်းပြည်ကာကွယ်ရေးအဖွဲ့ (CDF) တို့အကြား တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်တစ်ခုလုံးမှာရှိတဲ့ နေရာ ၇၀ က ကောက်ယူထားတဲ့ စာရင်းတွေအရ ချင်းလူမျိုးဒေသခံ ၁၁၁ ဦး သေဆုံးခဲ့ပြီး ဖမ်းဆီး ခံခဲ့ရတဲ့ ၄၅၀ ဦးထဲမှာ ၃၃၀ ဦးကတော့ လက်ရှိအဖမ်းခံထားရဆဲ ဖြစ်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Right Organization) က စက်တင်ဘာလ ၁၂ ရက်စွဲနဲ့ ဒီကနေ့ထုတ်ပြန်ပါတယ်။
2021-09-13
ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဖမ်းသွားတဲ့ ကျောင်းသားသုံးဦးကို တစ်ပတ်ကျော်တဲ့ ဒီနေ့အထိ မိသားစုနဲ့ အဆက်အသွယ်မရဘူးလို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2021-09-13
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးနန်းရှေ့ (၁၉) လမ်းမှာရှိတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေရဲ့ ဌာနပေါင်းစုံစစ်ဆေးရေးဂိတ်ကို စက်တင်ဘာလ ၁၃ ရက် ဒီနေ့မနက်ပိုင်း အမည်မသိအဖွဲ့တစ်ခုက ကားတစ်စီးနဲ့ ဗုံးလာပစ်သွားတာ ကြောင့် ၁၀ ဦးထက်မနည်း ဒဏ်ရာရသွားပြီး သေဆုံးမှုပါရှိနိုင်တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-09-13
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ တောင်လျောင်း(ရွာမ) ကျေးရွာမှာ စက်တင် ဘာလ ၁၂ ရက် မနေ့ နေ့လည်ပိုင်းက စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် ညီအစ်ကို နှစ်ဦးသေဆုံးသွားပြီး လေးဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေ က ပြောပါတယ်။
2021-09-13
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာက နေအိမ်တွေကို စက်တင်ဘာလ ၁၃ ရက် ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေက ဒုတိယအကြိမ် မီးထပ်ရှို့သွား တယ်လို့ နှမ်းခါးကျေးရွာ ဒေသခံတွေက ပြောပါတယ်။
2021-09-12
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်ကောင်စီကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခုခံတော်လှန်ဖို့ စစ်ကြေညာလိုက်တဲ့ စက်တင်ဘာ ၇ ရက် နောက်ပိုင်းကစပြီး မကွေးတိုင်း ဂန့်ဂေါမြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ ဒေသခံ ခုခံကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပါတယ်။
2021-09-12
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ စက်တင်ဘာလ ၁၁ ရက် မနေ့က ဝပ်ရှော့လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားပြီးတဲ့နောက် သေနတ်နဲ့ပစ်သတ် ခဲ့လို့ သေဆုံးခဲ့ရပါတယ်။
2021-09-12
ကယားပြည်နယ်မှာ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးခံထားရတဲ့ လူငယ်လေး နှစ်ဦးရဲ့ ဓာတ်ပုံတွေ ဖေ့စ်ဘွတ် လူမှုကွန်ရက် စာမျက်နှာတွေမှာ စက်တင်ဘာလ ၁၁ ရက်နေ့က ပျံ့နှံ့ခဲ့ပါတယ်။
2021-09-12
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွေးရွာက ဒေသခံရွာသား ၁၁ ဦးတို့ဟာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကနေ စက်တင်ဘာ ၉ ရက် ညနေခင်းနဲ့ နောက်နေ့ စက်တင်ဘာ ၁၀ ရက် နေ့ခင်းဘက်တွေမှာ အဖမ်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-12
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ သပြေရင်းရွာမှာ စစ်ကောင်စီကို သတင်းပေးနေပြီး ဒလန်လို့ စွပ်စွဲခံရသူ တစ်ဦး စက်တင်ဘာ ၁၁ ရက် မနေ့က ညပိုင်းက သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-12
မကွေးတိုင်းထဲမှာရှိတဲ့ Mytel ဆက်သွယ်ရေးကုမ္ပဏီရဲ့ တာဝါတိုင် ငါးတိုင်ကို စက်တင်ဘာ ၁၁ ရက် ညပိုင်းနဲ့ စက်တင်ဘာ ၁၂ ရက် ဒီနေ့မနက်ပိုင်းတို့မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-12
မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ ပုလင်းပြားကြီးကျေးရွာအုပ်စုရဲ့ အုပ်ချုပ်ရေးမှူးး ဦးဗိုလ်ဝဲ ကို စက်တင်ဘာ ၁၁ ရက် မနေ့က နေ့လယ် ၁၂ နာရီလောက်က ဗိဿနိုးပြည်သူ့ ကာကွယ်ရေးတပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။