သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-09-11
မြန်မာနိုင်ငံမှာ လက်ရှိပြဌာန်းထားတဲ့ တည်ဆဲဥပဒေတွေဟာ ခေတ်စနစ်နဲ့ လိုက်လျောညီထွေမှု မရှိဘူးဆိုရင် ပြင်ဆင်သင့်တာ ကို ပြင်ဆင်ဖို့နဲ့ အသစ်ရေးဆွဲဖို့လိုအပ်ရင်လည်း အသစ်ရေး ဆွဲဖို့ သူ့အနေနဲ့ တာဝန်ရှိတယ်လို့ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဒီကနေ့ ထပ်လောင်းပြောကြား လိုက်ပါတယ်။
2013-09-11
ချင်းတွင်းနဲ့ ဧရာဝတီမြစ်ဆုံရာ ရေစကြိုမြို့နယ်ထဲက ငမြာကြီးရွာမှာ မြစ်ရေကြီးလို့ ကမ်းပါးပြိုတဲ့အတွက် လူနေအိမ်တချို့နဲ့ စာသင်ကျောင်းတစ်ကျောင်း ပျက်စီးသွားတယ်လို့ သိရပါတယ်။
2013-09-11
တစ်နိုင်ငံလုံးမှာ စစ်တပ်ကသိမ်းဆည်းထားတဲ့ လယ်ယာမြေတွေပြန်ပေးဖို့အတွက် ၃ ကြိမ် ဆန္ဒပြခဲ့တဲ့ သံတွဲမြို့ခံ ကိုစိုးဝေကို သံတွဲမြို့နယ်တရားရုံးက ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့မှာ အလုပ်နဲ့ ထောင်ဒဏ် ၉ လ ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက ဒီကနေ့ RFA ကို ပြောပါတယ်။
2013-09-11
ထိုင်းနိုင်ငံတောင်ပိုင်း၊ နရသီဝပ်ခရိုင်၊ ရှန်ခိုင်းဂလုတ်မြို့က AEK ကုမ္ပဏီ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၁ဝဝ ကျော်ဟာ မိမိတို့လုပ်အားခနဲ့ ပတ်စပို့စ်တောင်းတာကို သူဌေးဖြစ်သူက ငွေမပေးဘဲ၊ ရဲခေါ်ဖမ်းခိုင်းမယ်လို့ ခြိမ်းခြောက်ပြီး အလုပ်သမားတွေကို ရေနဲ့မီးဖြတ် ထားတယ်လို့ သိရပါတယ်။
2013-09-11
မန္တလေးတိုင်း စက်မှုဇုန်အမှတ်(၁)က စိန်ကမ္ဘာ ချည်မျှင်စက်ရုံမှာ မနေ့က ဆန္ဒပြခဲ့တဲ့ အလုပ်သမားတွေနဲ့ အလုပ်ရှင်အကြား သဘောတူညီချက်ရခဲ့ပြီး ဆန္ဒပြပွဲကို ရုတ်သိမ်းလိုက်ကြောင်း သိရပါတယ်။
2013-09-11
ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ် (ကျားဖြူ)ပါတီ ခေါင်းဆောင်တွေနဲ့ အဲဒီပါတီက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဖွဲ့စည်းပုံ ဥပဒေပြင်ဆင်ရေး ဆွေးနွေးပွဲမှာ အသက် ၁၈ - ၃၅ နှစ်အတွင်း အမျိုးသားတွေအားလုံး နှစ်နှစ် ကြာ စစ်မှုမထမ်းမနေရ ပြဌာန်းချက်ကို ထည့်သွင်းဖို့ သဘောတူခဲ့တယ်လို့ ပါတီခေါင်းဆောင်တစ်ဦးက ပြောကြားလိုက်ပါတယ်။
2013-09-10
နော်ဝေနိုင်ငံအခြေစိုက် နော်ဝေ-ဘားမားကော်မတီရဲ့ ဖိတ်ကြားချက် အရ အော်စလိုမြို့မှာ ရောက်ရှိနေကြတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အဖွဲ့ဝင်တွေဟာ မနေ့က နော်ဝေးနိုင်ငံမှာကျင်းပ တဲ့ ရွေးကောက်ပွဲက မဲပေးပုံစနစ်တွေ၊ ရွေးကောက်ပွဲ ကျင်းပပုံတွေကို သွားရောက်လေ့လာခဲ့ကြကြောင်း သိရပါတယ်။
2013-09-10
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပိုလန်၊ ဟန်ဂေရီနဲ့ ချက်ပြည်သူ့သမ္မတနိုင်ငံတွေကို သွားရောက်ဖို့ အတွက် ဒီနေ့ညနေမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ကနေ ထွက်ခွာမှာဖြစ်ပါတယ်။
2013-09-10
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ထန်းကုန်းရွာမှာ မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ အိမ်ထောင်စုတွေအတွက် စစ်ကိုင်းတိုင်းအစိုးရက ဘိလပ်မြေအိပ် သုံးရာကျော်ကူညီသလို၊ စစ်ကိုင်းတိုင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက သွပ်အမိုးအတွက် ငွေကူညီ ပြီး၊ နေပြည်တော်က အစ္စလာမ်ဘာသာဝင်လုပ်ငန်း ရှင်တွေကလည်း နေအိမ်တွေပြန်ဆောက်ဖို့ ကူညီတယ်လို့ သိရပါတယ်။
2013-09-10
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်အမှတ်(၁)မှာရှိတဲ့ စိန်ကမ္ဘာ ချည်မျှင်စက်ရုံက ရာနဲ့ချီတဲ့ အလုပ်သမားတွေဟာ စက်ရုံရှေ့မှာ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2013-09-10
တနင်္သာရီတိုင်း ကော့သောင်း မြို့ ရွှေပြည်သာနဲ့ အေးရိပ်ငြိမ် ရပ်ကွက်တွေအနားမှာ တည်ဆောက်ထား တဲ့ ကျောက်မီးသွေးစက်ရုံကို ဥပဒေနဲ့အညီ ကြီးကြပ်ဆောင် ရွက်ပေးဖို့ ကော့သောင်းမြို့ အခြေစိုက် ဒီမိုကရက်တစ်ပါတီ (မြန်မာ)ခေါင်းဆောင်တွေက ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းကို ဒီနေ့ တင်ပြလိုက်ကြတယ်လို့ သိရပါတယ်။
2013-09-10
ရခိုင်ပြည်နယ်က ပဋိပက္ခဖြစ်ပွားခဲ့ တဲ့ နေရာတွေမှာ ပြန်လည်ထူထောင်ဖို့အတွက်ရည်ရွယ်ပြီး တရုတ်နိုင်ငံက Modular House လို့ခေါ်တဲ့ အသင့်ဆောက် လုပ်လို့ရတဲ့ ရွေ့လျားနေအိမ် အလုံးပေါင်း ၁၅၀ ကို ပြီးခဲ့တဲ့ရက်ပိုင်းက ပေးပို့လှူဒါန်းခဲ့တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူတွေက ဒီနေ့ ပြောကြားပါတယ်။
2013-09-10
ဘာသာရေးဆန်ဆန် ပဋိပက္ခတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ဘာသာရေး အဆောက်အဦးတွေမှာ လုံခြုံရေး တာဝန်ရှိသူတွေ အမြဲရှိနေသင့်တယ်လို့ ဆရာတော် ဦးဝီရသူက ဒီကနေ့ မိန့်ကြားလိုက်ပါတယ်။
2013-09-10
ရခိုင်ပြည်နယ်က ဘာသာရေး ပဋိပက္ခတွေကြောင့် ကျောက်ဖြူ ရေနက် ဆိပ်ကမ်း အထူးစီးပွားရေးဇုန်စီမံကိန်း တစုံတရာ ထိခိုက်မှုရှိမှာမဟုတ်ကြောင်း အစိုးရကပြော ပါတယ်။
2013-09-09
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တရားဝင် အထောက်အထားမရှိဘဲ နေထိုင်နေကြတဲ့မြန်မာနိုင်ငံ သားတွေကို နေရပ်ပြန်ပို့ရေးဆိုင်ရာ အမျိုးသားမဟာဗျူဟာ အစီရင်ခံစာကို ဘင်္ဂလားဒေ့ရှ် အစိုးရက တနင်္လာနေ့က အတည်ပြုခဲ့ပါတယ်။