သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-12-06
ထိုင်းနိုင်ငံ ခိုထောင်းကျွန်း လူသတ်မှုမှာ စွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ်နှစ်ဦးအတွက် အမှုမှန်ပေါ်ပေါက်ရေး ကြိုးပမ်းနေရာမှာ မိမိတို့ဘက်က အသာစီးရရှိဖို့ ၇၀ ရာခိုင်နှုန်း မျှော်လင့်ထားတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ပြောကြားလိုက်ပါတယ်။
2014-12-05
ထိုင်းနိုင်ငံမှာ သတ်ဖြတ်ခံခဲ့ရတဲ့ ဗြိတိန်နိုင် ငံသား ၂ ဦးရဲ့ မိသားစုတွေက အဲ့ဒီပြစ်မှုကို လက်ရှိဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသား ၂ ဦး ကကျူးလွန် ခဲ့ကြောင်း အထောက်အထားတွေ ခိုင်လုံနေတယ်လို့ မနေ့က ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။
2014-12-05
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ သုံးပန်လှစံပြကျေးရွာက စာပေဟောပြောပွဲ မှာ ဘာသာ၊ သာသနာကို ညှိုးနွမ်းစေတဲ့ အသုံးအနှုန်းတွေသုံးပြီး ဟောပြောခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ NLD ပြန်ကြားရေးအရာရှိ စာရေးဆရာ ထင်လင်းဦး ကို ချောင်းဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဦးစီးမှူးက ပုဒ်မ ၂ခုနဲ့ တရားစွဲ လိုက်တယ်လို့ သိရပါတယ်။
2014-12-05
နိုင်ငံရေးမှာ အမျိုးသမီးထုရဲ့ ကိုယ်စားပြုမှု ဆိုတာ အစိုးရနဲ့ လွှတ်တော်အတွင်းမှာ အမျိုးသမီးအရေ အတွက် ဘယ်လောက်ရှိသလဲဆိုတာနဲ့ တိုင်းတာတာ မဟုတ်ဘဲ လက်ရှိဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဘယ်လောက်အထိ အကျိုးပြုသလဲဆိုတာက ပိုအရေးကြီးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောလိုက်ပါတယ်။
2014-12-05
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သီလာမြိုင်ကျေးရွာက လယ်သမား ၃၃ ဦးကို မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း ဦးပိုင်လီမိတက်က ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲဆိုထားမှုကို ကျောက်တန်း မြို့နယ် တရားရုံးမှာ ဒီကနေ့ စတင်စစ်ဆေးခဲ့ပါတယ်။
2014-12-05
မြန်မာ့ပညာရေးကို ဗဟိုချုပ်ကိုင်တဲ့စနစ်နဲ့ ဆက်လက်ဆောင်ရွက်ခဲ့ရင် အတိတ်က မှားခဲ့တဲ့ အမှားတွေအတိုင်း ဆက်မှားဖို့ရှိတယ်လို့ ဒီကနေ့ပြု လုပ်တဲ့ ပညာရေးပြုပြင်ပြောင်းလဲမူနဲ့ ပညာရေးဥပဒေဆိုင်ရာ စာတမ်းဖတ်ပွဲမှာ ပညာရေးလောက အငြိမ်းစားဝါရင့် ဆရာကြီးများက သုံးသပ်သွားပါတယ်။
2014-12-05
သမ္မတဦးသိန်းစိန်ရဲ့ဖိတ်ကြားချက် နဲ့ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးရောက် ရှိနေတဲ့ နော်ဝေဘုရင် ဟာရယ်နဲ့ မိဖုရား ဆွန်ယာတို့ဟာ မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကို ရေကြောင်း လမ်းနဲ့ ဒီကနေ့ ရောက်ရှိလာပါတယ်။
2014-12-05
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ လက်မှတ်ရေးထိုးတောင်းဆိုခဲ့သူ ဗိုလ်မှူး ကျော်စွာဝင်းကို ပြင်ဦးလွင် စစ်တရားရုံးက ဒီကနေ့ ထောင်ဒဏ်၂ နှစ် ချမှတ်လိုက်ပါတယ်။
2014-12-05
နော်ဝေဘုရင်နဲ့ မိဖုရားတို့ရဲ့ မန္တလေးခရီးစဉ် နဲ့ပတ်သက်ပြီး ဧရာဝတီမြစ်ကမ်းဘေး ဂေါ ဝိန်ဆိပ်အနီးက ဆင်းရဲသားနေအိမ်တွေ အဓမ္မဖျက်သိမ်းဖယ်ရှားခံခဲ့ရကြောင်း ကြားသိရတဲ့အတွက် အလွန် အံ့အားသင့်မိပြီး၊ ဒီလုပ်ရပ်အပေါ် စိတ်ပျက်ဝမ်းနည်း ရကြောင်း နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ပြော ဆိုလိုက်ပါတယ်။
2014-12-04
မျိုးစောင့်ဥပဒေ ၄ ခုထဲက တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြလိုက်ပါတယ်။
2014-12-04
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မှာ မယ်ဇလီဆည်မြောင်း ကျိုးပေါက်ခဲ့ တာကြောင့် ရေနစ်မြုပ်ခဲ့တဲ့ လယ် ယာမြေဧက ၂၀၀ ကျော်အတွက် လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဦးစီးဌာနက လယ်သမားတွေကို ဒီနေ့ လျော်ကြေးငွေတွေ ပေးအပ်ခဲ့ပါတယ်။
2014-12-04
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမှာ အစိုးရကစတင်ပြီး တဘက်သတ် အပစ်ရပ်ရေးဆောင်ရွက်ဖို့ တိုင်းရင်းသားနဲ့ နိုင်ငံရေး၊ လူမှုရေးအဖွဲ့ ၅၄ ဖွဲ့က ပူးတွဲ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2014-12-04
ထိုင်းနိုင်ငံ ခိုထောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦးကို သတ်ဖြတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ် ၂ ဦးကို ထိုင်းအစိုးရရှေ့နေ များအဖဲ့ွက ပုဒ်မ ၇ ခုနဲ့ Koh Samuei ခရိုင်တရားရုံးမှာ ဒီကနေ့ စွဲချက်တင်လိုက်ပါတယ်။
2014-12-04
ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်ပြီး တချို့နိုင်ငံရေးပါတီ တာဝန်ရှိသူတွေဟာ နိုင်ငံတော် သမ္မတ မပြောတဲ့စကားတွေကို ပြောသလိုမျိုး ပြော ဆိုနေကြသလို တဘက်အမြင်သဘောထား မတူသူတွေကိုလည်း ထိုးနှက်တိုက်ခိုက်တဲ့ ပြောဆိုမှုတွေရှိနေမှုတွေ ရှိနေကြောင်း နိုင်ငံတော်သမ္မတရုံးက ဒီနေ့သတင်းထုတ်ပြန် သတိပေးလိုက်ပါတယ်။
2014-12-04
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို လာမယ့်လွှတ်တော်အစည်းအဝေးပြန်လည် စတင် မယ့်အချိန်အတွင်းမှာ သီးသန့် ထမင်းစားဖိတ်ခေါ်တွေ့ ဆုံမယ်လို့ သိရပါတယ်။