သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-11-19
မြန်မာနိုင်ငံမှာ အကြီးဆုံး ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ကို နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်က သပြေကုန်းအဝိုင်းမှာ ထုလုပ်ထားရှိသွားမယ်လို့ ရုပ်ထုဖြစ်မြောက်ရေးကော်မတီ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်သစ် က ဒီကနေ့ ပြောပါတယ်။
2017-11-19
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့ ဟာ နှစ်နိုင်ငံကြားဆက်ဆံရေး၊ မြန်မာပြည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ရခိုင်ပြည်နယ်အရေးကိစ္စတွေကို ဒီနေ့ ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
2017-11-18
၂၀၁၂ ခုနှစ် ဇွန်လကတည်းက လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းထားတဲ့ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်က ဒညင်းကုန်း အုတ်စက်ရုံအဆောက်အအုံကို ဒီနေ့ ရဲအင်အား ၃၀ လောက်က ဖြိုဖျက်ခဲ့ပြီး စက်ရုံဝင်းထဲ နေထိုင်တဲ့ အလုပ်သမားတွေကို နေစရာပြန်ပေးမှာဖြစ်ကြောင်း အုပ်ချုပ်ရေးအဖွဲ့က ညှိနှိုင်းခဲ့ပါတယ်။
2017-11-18
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးဘုရားကို မြန်မာပြည်ရဲ့ ပထမဆုံး ကောင်းကင်ကေဘယ်ကားနဲ့ လာမယ့် ဒီဇင်ဘာလမှာ သွားရောက်နိုင်မှာဖြစ်တယ်လို့ Sky Asia ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးစောရွှေအောင်က ဒီနေ့ ပြောပါတယ်။
2017-11-18
ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေ မပါဝင်ဖို့ ရန်ကုန်မြို့ အင်းစိန်မြို့နယ် GTI ကျောင်းအနီးမှာ အင်းစိန်မြို့နယ် ရပ်ကွက်နေပြည်သူအချို့က ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2017-11-18
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ မြန်မာနိုင်ငံကို ကြွရောက်မယ့် အချိန်အတွင်း နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနက မနေ့က သတင်းထုတ်ပြန်ပါတယ်။
2017-11-18
ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး မထိုးခင်မှာ သက်ဆိုင်ရာ ဆရာဝန်နဲ့ စစ်ဆေးပြီးမှ ထိုးနှံဖို့ ညွှန်ကြားထားတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင် က ဒီနေ့ ပြောပါတယ်။
2017-11-17
မြန်မာ့တပ်မတော်က မွတ်စလင်ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ လူမျိုးတစ်စုကွယ်ပျောက်အောင် သုတ်သင်ရှင်းလင်းရေး လုပ်နေတယ်ဆိုပြီး ဝေဖန်ပြောဆိုနေတာဟာ တိုင်းပြည်အတွက် အထောက်အကူမဖြစ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ကတ်သလစ်ခရစ်ယာန် သာသာပိုင်ဂိုဏ်းချုပ် ဆရာတော် ကာဒီနယ်လ် ချားလ်စ်မောင်ဘိုက ဒီနေ့ ပြောလိုက်ပါတယ်။
2017-11-17
ရန်ကုန်တိုင်း အင်းစိန်မြို့နယ် အောက်မင်္ဂလာဒုံလမ်းက တရုတ်လူမျိုးပိုင် K-Won အထည်ချုပ်စက်ရုံမှာ နှစ်ရှည်အလုပ်သမားတွေက လုပ်သက်လစာတိုးပေးတဲ့ စနစ်ပြန်ထားဖို့ တောင်းဆိုနေကြပါတယ်။
2017-11-17
မွန်ပြည်နယ် မော်လမြိုင်မြို့က ပြည်ထောင်စု တိုင်းရင်းသားရေးရာဝန်ကြီး နိုင်သက်လွင် မိသားစုပိုင်ဆိုင်တဲ့ တော်ဝင်ဟင်္သာဟိုတယ်က ဝန်ထမ်းတွေ အနိမ့်ဆုံးအခကြေးငွေနဲ့ညီတဲ့ လုပ်ခလစာမရတာနဲ့ အချိန်ပိုကြေး အပြည့်မရတာတွေနဲ့ ပတ်သက်ပြီး အလုပ်သမားဦးစီးဌာနက ဒီကနေ့ ညှိနှိုင်းပြင်ဆင်ပေးလိုက်ပါတယ်။
2017-11-17
အစိုးရ၊ နိုင်ငံရေးပါတီနဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား ၈ ဖွဲ့က ကိုယ်စားလှယ်တွေ ပါဝင်တဲ့ နိုင်ငံရေးမူဘောင် ပြန်လည်သုံးသပ်ရေး သုံးပွင့်ဆိုင်အစည်းအဝေးကို ဒီကနေ့ နေပြည်တော်က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ စတင်ကျင်းပနေပါတယ်။
2017-11-17
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားဒေသမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့က လက်နက်ကိုင်ဆောင်ပြီး မူးယစ်ဆေးဝါးရောင်း ဝယ်နေတဲ့အဖွဲ့ကို သွားရောက်ဖမ်းဆီးချိန်မှာ ပါဝင်ခဲ့တဲ့ နန်းမားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟာ အသက်အန္တရာယ် ခြိမ်းခြောက် ခံနေရတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
2017-11-17
ရခိုင်ပြည်နယ်အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ စကားလုံးဟာ စိတ်ကူးယဉ်ဆန်တယ် လို့ ဝန်ကြီးဟောင်း ဦးရဲထွဋ်က ဒီကနေ့ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာပြုလုပ်ခဲ့တဲ့ ရခိုင်အရေး စာတမ်းဖတ်ပွဲမှာ ပြောပါတယ်။
2017-11-17
ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံကို ရှေ့အနာဂတ်ကာလမှာ ထုတ်ဝေမယ့် ငွေစက္ကူတွေမှာ ရိုက်နှိပ်ထုတ်ဝေ ဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းတဲ့အဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တဦးတို့က ကန့်ကွက်ခဲ့ပါတယ်။
2017-11-17
ချင်းပြည်နယ် ပလက်ဝမြို့မှာ ဖြစ်ပွားနေတဲ့ မြန်မာတပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည်တွေကို ပြည်နယ်အစိုးရနဲ့ အရပ်ဘက်အဖွဲ့တွေ ပေါင်းပြီး ဒီကနေ့ စားနပ်ရိက္ခာ စတင်ပေးပို့နေပြီဖြစ်ပါတယ်။