သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-12
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ရွေးကောက် ပွဲ အောင်နိုင်ရေးအတွက် ပါဝင်ကူညီခဲ့တဲ့ အနုပညာ ရှင်တွေနဲ့ ရန်ကုန်မြို့က ဒေါ်အောင်ဆန်းစုကြည် ရဲ့ နေအိမ်ခြံဝန်းထဲမှာ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။
2015-11-12
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် မှာ ရွေးကောက်ပွဲရှုံးနိမ့်ခဲ့တဲ့ ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်ဟာ ပါတီဥက္ကဌနေရာမှာပဲ ဆက်လက်တာဝန်ထမ်းဆောင် သွားမှာဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီက ဒီနေ့ ကြေညာ ချက် ထုတ်ပြန်လိုက်ပါတယ်။
2015-11-12
အစိုးရနဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေး ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ကို လက်နက်ကိုင် မဟာမိတ်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက အဖွဲ့ဝင်အဖြစ်ကနေ ယာယီရပ်ဆိုင်းလိုက်ပါတယ်။
2015-11-12
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ အောင်မြင် စွာ ကျင်းပနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူ ဝမ်းမြောက်ကြောင်း အမေရိကန်သမ္မတ ဘားရက်အိုဘားမားက မြန်မာသမ္မတ ဦးသိန်းစိန်ကို ဒီနေ့ မနက် ၈ နာရီခွဲက တယ်လီဖုန်းဆက် ပြောကြားခဲ့တယ်လို့ သိရပါတယ်။
2015-11-12
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ ပါတီတွင်း ပြုပြင်ပြောင်းလဲရေးတွေ ၃လအတွင်း မလုပ်ဘူးဆိုရင် နိုင်ငံရေးကို ကျောခိုင်းပြီး စီးပွားရေးကိုသာ ဇောက်ချလုပ်တော့မယ်လို့ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဦးလှဆွေက ပြော လိုက်ပါတယ်။
2015-11-12
နိုဝင်ဘာလ ၁၂ ရက် နေ့လည် ၁၂ နာရီ အထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ပြည်သူ့လွှတ်တော်အတွက် ၁၉၆ ဦး အမျိုးသား လွှတ်တော်အတွက် ၉၅ ဦးနဲ့ အနိုင်ရနေပါတယ်။
2015-11-12
ရွေးကောက်ပွဲအပြီး နိုင်ငံမှာလိုအပ်နေ တဲ့ ကျောင်းသားတွေအတွက် စိုးရိမ်မိ တာကြောင့် အစာငတ်ခံ ဆန္ဒပြနေတဲ့ ကိုအောင်မှိုင်းဆန်း အပါအဝင် ထိန်းသိမ်းခံကျောင်းသားတွေ ကိုသပိတ်လှန်ဖို့ ၈၈ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမြအေး က မနေ့က တွေ့ဆုံမေတ္တာရပ်ခံခဲ့ပါတယ်။
2015-11-11
ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက နေရာအများစု အနိုင်ရနေတာဟာ ပါတီအနေနဲ့ ပြည်သူထဲက ပေါက်ဖွား လာတာဖြစ်ပြီး၊ ပြည်သူအတူ ခံစားခဲ့၊ ရုန်းကန်ခဲ့လို့၊ ပြည်သူ နဲ့ အိပ်မက်ချင်း၊ ရင်ခုန်သံချင်း ထပ်တူကျလို့ ဖြစ်ပါတယ် လို့ ဒေါ်အောင်ဆန်းစုကြည်က RFA ကိုပြောပါတယ်။
2015-11-11
သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ဝန်းရံ သူတွေကို ဒီနေ့ ရုံးထုတ်ရာ ထောင်တွင်းမှာ အစာငတ်ခံ ဆန္ဒပြနေတဲ့ ကျောင်းသား ကိုဖြိုးဓနချစ်လင်းသိုက်ဟာ ကျန်းမာရေးအခြေ အနေကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကို ပို့ဆောင်လိုက်ပါတယ်။
2015-11-11
ရှမ်းပြည်တောင်ပိုင်း မိုင်းရှူးနဲ့ကျေးသီးမြို့နယ်အစပ် ဝမ်ဆော့ကျေးရွာအနီးတစ်ဝိုက်မှာ အစိုးရတပ်မတော်နဲ့ SSPP/SSA ရှမ်းပြည်တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့လို့ စစ်ဘေးဒုက္ခသည် နှစ်ရာနီးပါးလောက် မိုင်းရှူးမြို့ပေါ်ကို ထွက်ပြေးလာကြပါတယ်။
2015-11-11
ရွေးကောက်ပွဲအပြီး ဒိုင်လူကြီးက နိုင်တဲ့သူ ကိုနိုင်တဲ့ အထိမ်းအမှတ်အဖြစ် လက်မြှောက်ပေးရမှာဖြစ်ပေမယ့် ဒိုင်မှာတော့ ဒဏ်ရာ ဒဏ်ချက်တွေနဲ့ ကျန်ခဲ့ကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် ဥက္ကဌဦးတင်အေး က ပြောပါတယ်။
2015-11-11
ရွေးကောက်ပွဲအလွန် ကြားကာလ တည်ငြိမ်အေးချမ်းမှုရှိစေရန်အတွက် အားလုံးပူးပေါင်းဆောင်ရွက်သွားမယ်လို့ သမ္မတရုံးက ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
2015-11-11
ရွေးကောက်ပွဲရလဒ်တွေကို ကြည့်မယ် ဆိုရင် ပြည်သူလူထုက အပြောင်းအလဲကို လိုလားနေတယ်လို့ ခံယူထားကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောလိုက်ပါတယ်။
2015-11-11
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၊ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့ တွေ့ဆုံ ဆွေးနွေး လိုကြောင်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်က ဒီကနေ့ မေတ္တာရပ်ခံလိုက်ပါတယ်။
2015-11-11
အထွေထွေရွေးကောက်ပွဲအနိုင်ရ ကိုယ်စား လှယ်လောင်းတွေရဲ့ အမည်စာရင်းကို ဒီကနေ့ နိုဝင် ဘာ (၁၁) ရက်နေ့မှာ တတိယမြောက်နေ့အဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ပါတယ်၊