သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-04-20
ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်အနီး မှာ ဈေးရောင်းချတဲ့ အစ္စလာမ် ဘာသာဝင် ဈေးဆိုင် ၃ ဆိုင်ကို သံဃာတချို့က ဈေး မရောင်းဖို့ ပိတ်သိမ်းခဲ့သလို၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေ ရှိခဲ့တာကြောင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နဲ့ သာသနာရေးဝန်ကြီးဌာနက အရေးယူပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတစ်ခုက အင်တာနက်အသုံးပြု သူတွေဆီကနေ လက်မှတ်တွေ ကောက်ယူနေပါတယ်။
2016-04-20
နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်ဟာ လာမယ့် ဧပြီလ ၂၂ ရက် ၊ သောကြာနေ့ မွန်းလွဲ (၂) နာရီမှာ ပြည်တွင်း ပြည်ပ အခြေစိုက် သံတမန်တွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံ ရဲ့ နိုင်ငံခြားရေးမူဝါဒတွေကို ရှင်းလင်းပြောကြားမယ် လို့ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုရှိန် က ပြောကြား ပါတယ်။
2016-04-20
အင်ဒိုနီးရှားနိုင်ငံက စစ်ဘက်အရပ်ဘက် ဆက်ဆံရေးနဲ့ ငြိမ်းချမ်းရေးလုပ်ဆောင်မှု လုပ်ငန်းစဉ်များမှာ မြန်မာနိုင်ငံအနေနဲ့ သင်ခန်းစာယူ စရာတွေ အများကြီးရှိတယ်လို့ လေ့လာရေးအဖွဲ့ဝင် SNLD ပါတီက ဦးစိုင်းညွှန့်လွင်က ပြောပါတယ်။
2016-04-20
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချူပ် NCA မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်လာနိုင်ရေးအတွက် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF ၊ ကိုးကန့် အဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ MNDAA နဲ့ ရက္ခိုင့်တပ်မတော် AA အဖွဲ့တွေနဲ့ တပ်မတော် ဘက်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ တာဝန်ပေးထားတဲ့ အငြိမ်းစား ဒုတိယဗိုလ်ချူပ်ကြီး ခင်ဇော်ဦး တို့ လာမည့်မေလ ပထမပတ်အတွင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အလွတ်သဘော စတင်တွေ့ဆုံဆွေးနွေးကြမယ်လို့ သိရပါတယ်။
2016-04-20
ရခိုင်ပြည်နယ် စစ်တွေမြို့သဲချောင်း ဆိပ်ကမ်းမှာ မနေ့က စက်လှေတစ်စီး နစ်မြုပ်ခဲ့ရာ ဒီနေ့အထိ သေဆုံးသူ ၂၂ ဦးထက်မနည်းရှိနေပြီး ကျန်တဲ့အလောင်းတွေကို ဒေသခံ ကယ်ဆယ်ရေးသမားတွေက ဆက်လက်ရှာဖွေနေကြ ပါတယ်။
2016-04-20
နေပြည်တော်မှာ သြင်္ကန်မဏ္ဍပ် တည်ဆောက်ခဲ့တဲ့ မီဒီယာကြီးတစ်ခုဟာ အစိုးရအဖွဲ့ဝင်တွေထဲက အရေးကြီးပုဂ္ဂိုလ်တစ်ဦးရဲ့ ကိုယ်ရေးအရာရှိကို ငွေ ကျပ်သိန်း ၅၀ လက်ဆောင်ပေးခဲ့တဲ့အတွက် နိုင် ငံတော်သမ္မတရုံးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က လက်ဆောင်ပစ္စည်းပေးမှု လမ်းညွှန်ချက်တွေ ကို ကျော်လွန်ပြီး လုပ်ဆောင်ခြင်းမပြုဖို့ အဲ့ဒီမီဒီယာ ကုမ္ပဏီကို သတိပေးလိုက်ပါတယ်။
2016-04-20
တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ် လိုင်ဇာ-ဆဒုံးနဲ့ ကန်ပိုက်တီတစ်ဝိုက်က ဒုက္ခသည်စခန်း ၁၀ ခုလောက်ဟာ မနေ့က လေပြင်း တိုက်ခတ်ခံရတာကြောင့် ဒုက္ခသည်တွေရဲ့တဲအိမ်ရာနဲ့ချီ ပျက်စီးသွားပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။
2016-04-20
ချင်းပြည်နယ် တွန်းဇံမြို့နယ်မှာ ဖြစ်ပေါ်နေ တဲ့ မြေပြိုကန်ဆည် ကျိုးပေါက်မှာကို စစ်ကိုင်းတိုင်း ကလေးမြို့နယ်က ဒေသ ခံတွေက စိုးရိမ်ပူပန်နေကြတဲ့အတွက် ကြိုတင်ကာကွယ် မှုတွေ ပြုလုပ်ဖို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာနက ပြင်ဆင်နေပါတယ်။
2016-04-20
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ် က လွယ်စေး၊ လွယ်လန်းတောင်ကြောမှာ ရှိနေတဲ့ ရှမ်းပြည်တိုးတက်ရေး ပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA တပ်တွေကို လာမယ့် ဧပြီလ ၂၂ ရက်နေ့ နောက်ဆုံးထားပြီး ဆုတ်ခွာပေးဖို့ လားရှိုးမြို့အခြေ စိုက် အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်က ပြောထားပါတယ်။
2016-04-20
ပြီးခဲ့တဲ့ သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တုန်းက နိုင်ငံရေးအမှုတွေနဲ့ ဆက်နွယ်ပြီး လက်ရှိတရားရုံးတွေမှာ တရားရင်ဆိုင်နေရတဲ့အမှုတွေကို ပြန်လည်ရုပ်သိမ်းပေး ဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆောင်ရွက်နေပါတယ်။
2016-04-20
စင်္ကာပူနိုင်ငံမှာ မြန်မာနိုင်ငံကနေ လာရောက် အလုပ်လုပ်နေတဲ့ အမျိုးသားသူနာပြုတစ်ဦး လူနာကို တိုက်ခိုက်မှုနဲ့ ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရပါတယ်။
2016-04-19
ရခိုင်ပြည်နယ် စစ်တွေမြို့၊ သဲချောင်း ဆိပ်ကမ်းအနီးမှာ မွတ်စလင်ဒုက္ခသည်တွေ လိုက်ပါလာတဲ့ စက်လှေတစ်စီး တိမ်းမှောက်ခဲ့ တာကြောင့် သေဆုံးသူ အနည်းဆုံး ၂၁ ဦးရှိတယ်လို့ သိရပါတယ်။
2016-04-19
ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီယို ကီရှီတာ ဟာ မြန်မာနိုင်ငံကို လာရောက် ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖွယ်ရှိတယ်လို့ ဂျပန်တိုင်းသတင်းစာက ဖေါ်ပြပါတယ်။
2016-04-19
ရခိုင်ပြည်နယ်က သဘာဝသယံဇာတတွေ ကို ရခိုင်ပြည်သူတွေ ခွဲဝေသုံးစွဲခွင့်ရရှိရေး အတွက် အစိုးရသစ်ထံ တင်ပြတောင်းဆိုဖို့ ရခိုင်သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက်က ဦးဆောင် ပြီး မြို့နယ် ၁၇ မြို့နယ်မှာ လက်မှတ်တွေ စတင်ကောက် ယူနေပါတယ်။
2016-04-19
နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ ဇနီး ဒေါ်စုစုလွင်တို့ရဲ့ နှစ်ဦးစတုဒီသာ အလှူကို ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့က မဟာအတုလဝေယံ သာသနာ့ဗိမာန်တော်ကြီး မှာ ပြုလုပ်ခဲ့ပါတယ်။