သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-12-20
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ များအဖွဲ့ချုပ်က ကျောင်းသားသမဂ္ဂ တရား ဝင် ဖွဲ့စည်းရပ်တည်နိုင်ရေး အတွက် တောင်းဆိုသွားမယ်လို့ အထက်မြန်မာပြည် ဗကသ အဖွဲ့ဝင် ကျောင်းသားတွေက ပြောပါတယ်။
2015-12-20
ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးတဲ့ ကုမ္ပဏီတွေက လုပ်ငန်းသုံးယာဉ်တွေ မြို့ရွာအတွင်း ဖြတ်သန်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဆန္ဒပြခဲ့ကြတဲ့ အဖွဲ့ခေါင်းဆောင်တွေကို ကချင် လွတ်မြောက်ရေးတပ်မတော် KIA က ဒီဇင်ဘာလ ၁၆ ရက်နေ့က ခေါ်ဆောင်သွားရာမှာ ဒီနေ့အထိ ပြန်မ လွှတ်သေးဘဲ ဆွေးနွေးနေဆဲဖြစ်တယ်လို့ KIA တပ်ရင်း ၆ တပ်ရင်းမှူး က RFA ကို ပြောပါတယ်။
2015-12-20
ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်စိမ်းတွင်းလုပ် ကွက်တွေမှာ အသုံးပြုဖို့အတွက် အကြီးစား တူးဖော်ရေး စက်ယန္တရားတွေ သယ်ယူနေတယ် ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး၊ ပတ်ဝန်းကျင်ထိန်း သိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးဝင်းထွန်း ဦးဆောင်တဲ့အဖွဲ့က ကွင်းဆင်း စစ်ဆေးမယ်လို့ သိရပါ တယ်။
2015-12-19
ရခိုင်ပြည်နယ် မောင်တောမြို့အနီးက စစ်ဆေးရေးဂိတ်တစ်ခုမှာ မြန်မာ နယ်ခြား စောင့်တပ်ဖွဲ့က ပစ်ခတ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့က ရိုဟင်ဂျာ တစ်ဦး သေဆုံး ခဲ့ကြောင်း ကုလားတန်သတင်းဌာနက မနေ့က ရက်စွဲနဲ့ ထုတ်ပြန်တဲ့ သတင်းမှာ ဖေါ်ပြထားပါတယ်။
2015-12-19
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာကျင်းပတဲ့ ရခိုင်ပြည်နယ်လုံးဆိုင်ရာ အရပ်ဘက်လူမှု အဖွဲ့အစည်းများဖိုရမ်ရဲ့ ဒုတိယမြောက်နေ့ မှာ ရခိုင်ပြည်နယ်က လယ်ယာမြေသိမ်းဆည်းခံရမှုတွေနဲ့ သယံဇာတစီမံခန့်ခွဲမှုအပိုင်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။
2015-12-19
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်း ကြီးမြို့နယ်က စံပယ်တောင်နဲ့ ကြေးစင်တောင်မှာ သတ္တုတူးဖော်ရေးလုပ်ကိုင်နေတဲ့ မြန်မာယမ်စီ ကုမ္ပဏီနဲ့ တွေ့ဆုံဆွေးနွေးခွင့်ရဖို့ ဒေသခံတွေက ထပ်မံတောင်းဆိုလိုက်ပါတယ်။
2015-12-19
စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု နဲ့ရေရှည် တည်တံံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ရရှိတဲ့ ပြည်ထောင်စုကို တည်ဆောက်ဖို့ အပါအဝင် ဘုံသဘောတူညီချက် (၇) ချက်ကို အကောင်အထည်ဖော်ဖို့ ကရင်နီပြည်နယ်ညီလာခံက ဆုံးဖြတ်လိုက်ပါတယ်။
2015-12-19
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ အနီးတဝိုက်မှာ စစ်ပွဲတွေရပ်စဲဖို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ နမ့်ခမ်းမြို့မ တအာင်းလူငယ်တွေစုပေါင်းပြီး တအာင်း တိုင်းရင်းသားတွေရဲ့ နေအိမ်တွေမှာ လိုက်လံပြီး အလှူခံနေကြပါတယ်။
2015-12-19
ရန်ကုန်မြို့ ရွှေပြည်သာ၊ လှိုင်သာယာနဲ့ မန္တလေးမြို့က တောင်သမန်အင်း မှာ ရေထုညစ်ညမ်းမှု များတာကြောင့် ခဲသတ္တုပါဝင်နှုန်းမြင့်မားနေတယ်လို့ စိမ်းလမ်းအမိမြေ အသင်းက သတင်းထုတ်ပြန်လိုက်ပါတယ်။
2015-12-18
သူရဦးအောင်ကိုက ပြီးခဲ့တဲ့နာရီပိုင်း အတွင်း သူ့ဖေ့စ်ဘွတ်စာမျက်နှာမှာ လွှတ်တော်ကိုယ်စားလှယ်တွေ ပင်စင်ငွေယူမယ့်ကိစ္စနဲ့ ပတ်သက်ပြီးသူ့ရဲ့သဘောထားကို အခုလိုရေးသား ခဲ့ပါတယ်။
2015-12-18
အမေရိကန်လွတ်တော်နှစ်ရပ်လုံးက မနေ့က မဲခွဲထောက်ခံအတည်ပြုလိုက်တဲ့ ၂ဝ၁၆ ခုနှစ်အတွက် သုံးစွဲငွေဥပဒေမူကြမ်းမှာ မြန်မာနိုင်ငံ အတွင်း လူမျိုးရေးနဲ့ ဘာသာရေးဆိုင်ရာ ဆူပူအကြမ်းဖက် မှုတွေ ဖြစ်ပွားအောင် သွေးထိုးလှုံ့ဆော်တဲ့ အဖွဲ့အစည်းတွေ ကိုဖြစ်စေ၊ တသီးပုဂ္ဂလတွေကိုဖြစ်စေ အမေရိ ကန်ပြည်ထောင်စုရဲ့ ဘဏ္ဏာငွေနဲ့ တစုံတရာ ကူညီထောက် ပံ့ခြင်း မရှိစေရလို့ ပြဌာန်းထားပါတယ်။
2015-12-18
ရခိုင်ပြည်နယ်အတွင်း ပမာဏကြီးမားတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေ သူတွေဟာ စီးပွားရေးလုပ်ငန်းတွေကို အခြေခံပြီး ဆောင်ရွက်နေကြတာကို တွေ့ရတယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ပြောပါတယ်။
2015-12-18
ရခိုင်ပြည်နယ်လုံးဆိုင်ရာ အရပ်ဘက် လူမှုအဖွဲ့အစည်းများ ဆွေးနွေးပွဲ ကို ကျောက်ဖြူမြို့နယ်မှာ ဒီနေ့စတင် ကျင်းပရာမှာ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍနဲ့ ဖက်ဒရယ်ဒီမိုကရေစီအကြောင်းကို ဥပဒေပညာရှင်တွေ ၊ နိုင်ငံရေးလေ့လာသူတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေက ဆွေးနွေးကြပါတယ်။
2015-12-18
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမျိုးသားလူငယ်ကွန်ဂရက်က စောင့်ကြည့်လေ့လာခဲ့တဲ့ မဲရုံတွေထဲက တချို့မဲရုံအနီးတဝိုက်မှာ မဲဆွယ်စည်းရုံးတဲ့ အသုံးအဆောင်ပစ္စည်းတွေ ရှိနေသလို မဲရုံအတွင်း ဝင်ရောက်ခွင့်မရှိတဲ့ ရပ်ကျေးအကြီးအကဲတွေ ဝင်ထွက်သွားလာနေတဲ့အတွက် မဲဆန္ဒရှင်တွေရဲ့ လွတ်လပ်စွာ မဲပေးခွင့်အပေါ် သက်ရောက်မှုရှိကြောင်း အမျိုးသားလူငယ်ကွန်ဂရက်က ဒီနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။
2015-12-18
သတင်းမီဒီယာသမားတွေအပေါ် ဖိနှိပ်မှုရပ်တန့်ဖို့နဲ့ ဥပဒေနဲ့အညီ အကာ အကွယ်ပေးဖို့အတွက် ဆုတောင်းပွဲကျင်းပခဲ့တဲ့ သတင်းထောက်တွေထဲက သမဂ္ဂဂျာနယ် သတင်းထောက် ချုပ် မရွှေမှုန်ကို ပုဒ်မ ၁၉ နဲ့ ကျောက်တံတားမြို့နယ် တရား ရုံးက ဒဏ်ငွေ ကျပ်တစ်သောင်း သို့မဟုတ် ထောင်ဒဏ် ၁၅ ရက်ကျခံဖို့ အမိန့်ချလိုက်ပါတယ်။