သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-08-16
ကုလသမဂ္ဂကချမှတ်ထားတဲ့ပညာရေးဆိုင် ရာမူဝါဒတွေကို သဘောတူထား တဲ့မြန်မာ အစိုးရအနေနဲ့ ဘယ်လိုအကောင် အထည်ဖေါ်နေလဲဆိုတာကို နိုင်ငံလုံး ဆိုင်ရာပညာရေး စနစ်ပြုပြင်ပြောင်းလဲရေးကွန်ယက် NNER အဖွဲ့ က စောင့်ကြည့်သွားမှာဖြစ်သလို၊ တောင်းဆိုမှုတွေမရသေးတဲ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးအောင်မြင်အောင် ဆက်လက်ကြိုးပမ်းသွားမယ်လို့ပြောပါတယ်။
2015-08-16
တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်ပါ အချက်အလက်တွေကို လက်ခံတာကြောင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေး ထိုးမယ်လို့ ကရင်အမျိုး သားအစည်းအရုံး KNU က ကြေညာလိုက်ပါတယ်။
2015-08-16
လွှတ်တော်ကိုယ်စားလှယ် တာဝန်ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို လာမယ့် သြဂုတ်လ ၁၈ ရက်နေ့မှာ ပြန်လည်ကျင်းပမယ့် ၁၂ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးမှာ အတည်ပြုသွား ဖို့ရှိတယ်လို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ က ပြောပါတယ်။
2015-08-16
ချင်းပြည်နယ်ဟားခါးမြို့မှာ ဒီရက်ပိုင်း အတွင်း ထပ်ပြီးမြေပြိုမှုတွေ ဖြစ်ပွားနေတဲ့ အတွက် မြို့ပေါ်ရပ်ကွက်တွေအပြင် အနီးအနားက ကျေးရွာတွေနဲ့ပါဆိုရင် စုစုပေါင်း အိမ်ခြေ ၅ဝဝ ကျော် ပြိုကျသွားတယ်လို့ ချင်းပြည်နယ်အစိုးရ အဖွဲ့က ပြောပါတယ်။
2015-08-16
ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းနဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီရဲ့ တာဝန်တွေ ကနေ ဖယ်ရှားလိုက်တာဟာ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့တွေအတွက် စိုးရိမ်မှုတွေများ လာစေသလို ယုံကြည် မှုတွေလည်း ကျဆင်းလာတယ်လို့ မွန်ပြည်သစ် ပါတီခေါင်းဆောင် ဦးနိုင်ဟံသာက ပြော ပါတယ်။
2015-08-15
ရခိုင်ပြည်နယ်မှာ ရေဘေးကြောင့် ပျက်စီး ဆုံးရှုံးမှုပမာဏ များပြားတာကြောင့် ရေရှည်ပြန်လည် ထူထောင်နိုင်ရေးအတွက် နိုင်ငံတကာရဲ့အကူအညီတွေ လိုအပ်နေတယ်လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ပြောပါတယ်။
2015-08-15
လာမယ့်ရွေးကောက်ပွဲမှာ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီကတစ်ဆင့် ပဲခူးတိုင်း သာယာဝတီခရိုင် ဇီးကုန်းမြို့ နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ် ပြိုင်မယ်လို့ သိရပါတယ်။
2015-08-15
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီဝင်၂၃ ဦး ပါတီကနေ နှုတ်ထွက်လိုက်ကြ ပါတယ်။
2015-08-15
ပြည်ခိုင်ဖြိုးပါတီပူးတွဲ ဥက္ကဌအဖြစ်ကနေ ဖယ်ရှားခံလိုက်ရတဲ့ ပြည်သူ့လွှတ်တော်နာယက ဦးသူရရွှေမန်းရဲ့သားဖြစ်သူ ဦးတိုးနိုင်မန်း မိသားစုပိုင်တဲ့ ချယ်ရီ FM ရေဒီယိုအသံလွှင့်ဌာနကို မိမိသဘောဆန္ဒ အလျောက် ပိတ်သိမ်းကြောင်း စာတင်ဖို့ ပြန်ကြားရေး ဝန်ကြီးဌာနက ပြောကြားပေမယ့် ချယ်ရီဘက်က တရားဥပဒေကြောင်းအရသာ လုပ်ဆောင်သွားမယ်လို့ ချယ်ရီ FM က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
2015-08-15
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်ကို လာမယ့် စက်တင်ဘာလဆန်း မှာ ရေးထိုးနိုင်ဖို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ထံ အကြောင်းကြားစာပေးပို့လိုက်ပါတယ်။
2015-08-15
လာမယ့်ရွေးကောက်ပွဲမှာ မဲပေးနိုင်သူလူဦးရေ ၃၃ သန်းရှိရာမှာ အသက် ၁၈ နှစ်ကနေ ၃၅ ကြားလူငယ်လူဦးရေက တစ်ဝက်နီးပါး ရှိပြီး မဲပေးနိုင်သူ လူငယ် အားလုံး မဲပေးကြဖို့ကို ဒီနေ့ ကျင်းပတဲ့ နိုင်ငံတကာ လူငယ်များနေ့မှာ တက်ရောက်စကားပြောသူတွေက တိုက်တွန်းလိုက်ပါတယ်။
2015-08-15
ချယ်ရီ FM ရေဒီယိုအသံလွှင့်ဌာနကို မိမိသဘောဆန္ဒ အလျောက်ပိတ်သိမ်းကြောင်း စာတင်ဖို့ ပြန်ကြားရေး ဝန်ကြီးဌာနက ပြောကြားပေမယ့် ချယ်ရီဘက်က တရားဥပဒေကြောင်းအရသာ လုပ်ဆောင်သွားမယ်လို့ ချယ်ရီ FM က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
2015-08-14
သူရဦးရွှေမန်းကို USDP ပြည်ထောင်စု ကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဌတာဝန်ကနေ ဖယ်ရှားလိုက်တဲ့ ဖြစ်ရပ်ဟာ မြန်မာနိုင်ငံဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေး ထောက်ခံသူတွေကို တုန့်ဆိုင်းသွားစေတယ်လို့ အမေရိကန်အထက်လွှတ်တော်အမတ် Mitch McConnell က သောကြာနေ့ မနေ့က ပြောကြား လိုက်ပါတယ်။
2015-08-14
ချင်းပြည်နယ် မင်းတပ်မြို့ကနေ မတူပီမြို့ ကို သွားတဲ့ကားလမ်းမှာ မြေပြိုတဲ့ နေရာ ၆ ခု လောက် ရှိနေတာကြောင့် မတူပီမြို့က ဒုက္ခသည်တွေထံ ကို စားနပ်ရိက္ခာ ပို့ဆောင်ပေးဖို့ ခက်ခဲနေတယ်လို့ သိရ ပါတယ်။
2015-08-14
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လာမယ့် ရွေးကောက်ပွဲမှာ လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၁၃၈ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။