သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-08-27
ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်မြို့နယ်တွေမှာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက် မှုတွေကြောင့် မောင်တောမြို့ကိုထွက်ပြေးတိမ်းရှောင်လာသူ အရေအတွက် ၃ ထောင်ကျော်ရှိနေပြီလို့ ဒေသခံတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်။
2017-08-27
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ နံ့သာတောင်ကျေးရွာကနေ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ပြီး မောင်တော မြို့နယ် တောင်ပြိုလက်ဝဲမြို့ကို ရောက်ရှိနေ တဲ့ ဒေသခံ ၇၀၀ ဟာ စားနပ်ရိက္ခာ အကူအညီတွေ အရေးပေါ် လိုအပ်နေ ပါတယ်။
2017-08-27
အစွန်းရောက် အကြမ်းဖက်သမားတွေနဲ့ ARSA အကြမ်းဖက်အုပ်စုကို ထောက်ခံတာ၊ အားပေးကူညီ ရာရောက်စေတဲ့ အပြုအမူတွေ လုပ်ဆောင်တာ၊ ထောက်ပံ့တာ၊ မီဒီယာတွေကနေ ထောက်ခံရေး သားတာတွေ တွေ့ရှိရင် အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေနဲ့အညီ အရေးယူသွားမှာဖြစ်ကြောင်း နိုင် ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ဒီနေ့ ကြေညာချက်ထုတ်လိုက်ပါတယ်။
2017-08-26
ဘင်္ဂလားဒေ့ရှ် နယ်ခြားအရာရှိတွေနဲ့ မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်အရ မြန်မာအစိုးရ လုံခြုံရေးတပ်ဖွ့ဲတွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သောကြာနေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေအပြီး မိမိတို့ကျေးရွာတွေက ထွက်ပြေးနေကြတဲ့ ရိုဟင်ဂျာရွာသားတွေကို စက်သေနတ်တွေ၊ မော်တာတွေနဲ့ ပစ်ခတ်နေတယ်လို့ မနေ့ကရတဲ့ AFP သတင်းမှာ ပါရှိပါတယ်။
2017-08-26
မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား ပုံမှန်ပဲကုန်သွယ်မှု ရရှိနိုင်ရေးအတွက် နှစ်ဖက်အစိုးရအကြား သဘောတူညီချက် ရေးထိုးနိုင်ရေး အမြန်ဆုံးဆောင်ရွက်ဖို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနဲ့ ဒီနေ့ ညှိနှိုင်းခဲ့တယ်လို့ UMFCCI က သတင်းထုတ်ပြန်ပါတယ်။
2017-08-26
ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တွေမှာ မနေ့ကစတင်ခဲ့တဲ့ အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်းပေါင်း ၄၀၀ ကျော်ကို ရက်အကန့် အသတ်မရှိ ပိတ်လိုက်ပါတယ်။
2017-08-26
အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေမှာ မနေ့ကအထိ စာရင်းတွေအရ ကျန်းမာရေးဝန်ထမ်း ၁၀၀ ကျော် ရဲကင်းစခန်းတွေမှာ ခိုလှုံနေရတယ်လို့ သိရပါတယ်။
2017-08-26
အကြမ်းဖက်မှုတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် မြို့နယ်တွေက ဒေသခံ ၄၃၀၀ ကျော်ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပြောင်းရွေ့နေရာချထားမှုတွေ ဆောင်ရွက်ပေးနေပါတယ်။
2017-08-26
ရခိုင်ပြည်နယ် မောင်တောမြို့ပေါ်မှာ ဒီကနေ့ မနက်ပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အစွန်းရောက် အကြမ်းဖက်သမားတွေကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
2017-08-25
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့မှုအတွက် အမေရိကန်ပြည်ထောင်စု က ပြင်းထန် စွာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
2017-08-25
အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် ဥပဒေအကြံပေး ရှေ့နေ ဦးကိုနီ လုပ်ကြံခံရတဲ့အချိန်က ရိုက်ကူထားတဲ့ ရန်ကုန်လေဆိပ်မှာရှိတဲ့ CCTV အလုံး ၁၀၀ ကျော်က မှတ်တမ်းဗီဒီယိုဖိုင်တွေကို အင်းစိန်မြို့နယ် က မြောက်ပိုင်းခရိုင် တရားရုံးမှာ ဒီကနေ့ သက်သေအဖြစ် စစ်ဆေးပါတယ်။
2017-08-25
အစိုးရနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းတွေ ဆွေးနွေးနိုင်ဖို့ အစိုးရကိုယ်စားပြု ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းပေးမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကျင်းပစဉ်က ပြောကြားထားတဲ့ကိစ္စကို အမြန်ဆုံးအကောင်အထည်ဖော်ပေးဖို့ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC က တောင်းဆိုပါတယ်။
2017-08-25
မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေထဲက လုံခြုံရေး ရဲကင်းစခန်း ၃၀ ကို အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားတွေက ဒီနေ့ သြဂုတ်လ ၂၅ရက် မနက် ၁ နာရီလောက်မှာ တပြိုင်နက်တည်း တိုက်ခိုက်ခဲ့တဲ့ အတွက် ကျဆုံးသူ ၁၂ ဦး ၊ ဒဏ်ရာရသူ ၁၁ ဦး ရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ ညနေပိုင်း ၃နာရီခွဲလောက် ထုတ်ပြန်ချက်အရ သိရပါတယ်။
2017-08-25
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်စီမံကိန်းတွေနဲ့ ပတ်သက်ပြီး အစိုးရက လွှတ်တော်ကို အကြောင်းကြားရမှာဖြစ်ပေမယ့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ကမ်းနားက သစ်ပုံဆိပ် မှာ ပြည်နယ်အစိုးရက ဘိလပ်မြေဖျော်စက် တည်ဆောက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြည်နယ် လွှတ်တော်ကို အသိမပေးထားဘူးလို့ ပြည်နယ်လွှတ်တော် အကြီးအကဲတွေက ပြောပါတယ်။
2017-08-25
ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းက ရဲကင်းစခန်းတွေကို အကြမ်းဖက်သမားတွေက ဒီနေ့ မနက် ၁ နာရီလောက်ကစပြီး တိုက်ခိုက်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင် ၅ ဦးကျဆုံးပြီး အကြမ်းဖက်သမား ၇ ဦးရဲ့ အလောင်းကို ရရှိထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ဒီနေ့ မနက်ပိုင်းက ထုတ်ပြန် ပါတယ်။