သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-12-21
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်၊ နယ်မြေ (၄)၊ စနေလမ်းက နေအိမ် ၁၂ လုံးပါ မြေကွက်ကို ကလေးမြို့အခြေစိုက် အမှတ် (၉၄၁) ဆောက်လုပ် ရေးတပ်ခွဲ (အင်ဂျင်နီယာ) တပ်က တပ်ပိုင်မြေဆိုပြီး ဖယ်ရှားခိုင်းနေတယ်လို့ အိမ်ပိုင်ရှင်တွေက ပြောပါတယ်။
2021-12-21
ကချင်ပြည်နယ်က ကျောက်စိမ်းထွက်တဲ့ ဖားကန့်ဒေသမှာ စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း တရားမဝင် ကျောက်စိမ်းတူးဖော်မှုတွေ များသထက်များလာနေတယ် လို့ ဖားကန့်ဒေသခံတွေက ပြောကြပါတယ်။
2021-12-21
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ကိုရောက်နေတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က စစ်ဘေးဒုက္ခသည် ၂၅၀ နီးပါးဟာ စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်လို့ ပြောကြပါတယ်။
2021-12-21
စစ်ကောင်စီအနေနဲ့ တိုက်ပွဲဖြစ်နေတဲ့ ဒေသက တပ်တွေပြန်ရုပ်ပြီး ကျဆင်းနေတဲ့ ဂုဏ်သိက္ခာကို ပြန်ထိန်းသိမ်းဖို့ ကရင်အမျိုးသား အစည်းအရုံး (KNU) က ထုတ်ပြန်လိုက်ပါတယ်။
2021-12-20
ပြည်တွင်းပြည်ပရှိ ပအိုဝ်းတိုင်းရင်းသားတွေပါဝင်တဲ့ ညီလာခံကနေ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ PNFC ကို ဖွဲ့စည်းကြောင်း ကြေညာခဲ့ပါတယ်။ အာဏာရှင်စနစ် ဖယ်ရှားရေးအတွက် စစ်ကောင်စီအလိုကျ NCA ကို လက်မခံဘဲ NUG, CRPH နဲ့ NUCC အပါအဝင် တိုင်းရင်းသား အင်အားစု အားလုံးနဲ့ ပူးပေါင်းပြီး နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်မယ်လို့လည်း အဖွဲ့ခေါင်းဆောင်တွေက ပြောပါတယ်။
2021-12-20
အမှုပေါင်း ရှစ်မှုနဲ့ စစ်ကောင်စီရဲ့ တရားစွဲတာခံထားရတဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်ဟာ မုံရွာအကျဉ်းထောင်တွင်း တရားရုံးက ဒီဇင်ဘာလ ၂၀ ရက် ဒီနေ့မှာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (ခ) အမှုအတွက် ထောင်ဒဏ် ၂ နှစ် အမိန့်ချခံလိုက်ရတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2021-12-20
စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ရေမြက်ရွာကို စစ်တပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ် တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပြင် မြေပြင်ကပါ စစ်သည်အင်အား အလုံးအရင်းနဲ့ ပစ်ခတ်စီးနင်းကာ ရွာလည်း မီးလောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-20
ထိုင်း - မြန်မာနယ်စပ် ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်မှာ ဒီဇင်ဘာလ ၁၅ ရက်နေ့ကစပြီးဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်ပေါင်း တစ်သောင်းဝန်းကျင်လောက်အထိရှိလာပြီလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုတာဝန် ရှိသူတွေက RFA ကို ပြောပါတယ်။
2021-12-20
ကယား (ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့အရှေ့ဘက် ကွန်နားရွာနဲ့ နောင်လုံရွာထဲ ကို စစ်ကောင်စီတပ်တွေဟာ ဒီဇင်ဘာ ၁၉ နဲ့ ၂၀ နှစ်ရက်ဆက်တိုက် လက်နက်ကြီး တွေနဲ့ ပစ်ခတ်ခဲ့ပြီး အိမ် ၂၂ လုံး မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-20
ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းခဲ့တဲ့ စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ကဲဘာရွာ က ရွာသားနှစ်ထောင်ခန့်ဟာ စစ်ဘေးရှောင်နေရပြီး နေရပ်ပြန်လို့မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
2021-12-20
မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာထဲ စစ်ကောင်စီတပ်တွေက လေကြောင်း ကနေ ပစ်ခတ်တိုက်ခိုက်တာ၊ ရွာထဲမှာလည်း ဝင်ရောက်စီးနင်းခဲ့တာတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ ရွာသား လေးထောင်ကျော်ဟာ ရွာထဲကို ပြန်မလာရဲသေးဘူး လို့ ပြောကြပါတယ်။
2021-12-20
ကရင်ပြည်နယ် မြဝတီမြို့နယ်မှာ KNLA၊ KNDO နဲ့ PDF ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင် စီတပ်တွေ ငါးရက်ကြာ တိုက်ပွဲဖြစ်နေလို့ ထိုင်း-မြန်မာနယ်စပ် သောင်းရင်းမြစ် တစ်လျှောက်က စစ်ဘေးဒုက္ခသည်တချို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်နေကြပြီး ကူးစက်လာမှာ စိုးရိမ်ရတယ်လို့ စစ်ဘေးရှောင်နေရသူတွေက ပြောပါတယ်။
2021-12-20
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အောင်သစ္စာရပ်ကွက်မှာ နေထိုင်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ကျန်းမာရေး ဝန်ထမ်း ဇနီးမောင်နှံ အပါအဝင် ကိုးဦးဟာ ဒီဇင်ဘာ ၂၀ ရက် ဒီမနက် ငါးနာရီခန့်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာခံလိုက်ရတယ်လို့ ကလေးမြို့ ဒေသခံတွေက ပြောပါတယ်။
2021-12-20
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးခရိုင် ဖောင်းဆိုင်ဒေသမှာ စစ်ကောင်စီတပ်နဲ့ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA (ကိုးကန့်) တပ်ဖွဲ့တို့ ဒီဇင်ဘာ ၁၉ ရက် မနေ့က တစ်နေကုန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းကနေလည်း တိုက်ခိုက်ခဲ့တယ်လို့ ကိုးကန့်သတင်းဌာနက ဖော်ပြထားပါတယ်။
2021-12-20
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားတဲ့အမှုတွေထဲက အမှုနှစ်ခုကို ဒီနေ့ ရုံးချိန်းမှာ အမိန့်ချမှတ်ဖို့ ချိန်းဆိုခဲ့ပေမယ့် ဒီဇင်ဘာ ၂၇ ရက်ကို ရွှေ့ဆိုင်းလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။