သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-09-14
ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ပြည်သူလူထုက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လျှပ်စစ်မီတာခတွေ မပေးဆောင်တာကြောင့် စစ်ကောင်စီအနေနဲ့ ကျပ်ငွေ ဘီလျံ နှစ်ထောင်လောက် ဆုံးရှုံးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင် က ပြောလိုက်ပါတယ်။
2021-09-14
ကယားပြည်နယ် ဖရူဆိုမြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ်အကြားက ကဒါးလာကျေးရွာမှာ စက်တင်ဘာလ ၁၄ ရက် ဒီနေ့မနက် ၅ နာရီကနေ ၉ နာရီအချိန် စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ် ဘက်က နှစ်ဦး သေဆုံးတယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ပါတယ်။
2021-09-14
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင် တို့ကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားအောင်လှုံ့ဆော်မှုနဲ့ စွဲချက်တင်သင့်၊ မတင်သင့်ကို နေပြည်တော်က အထူးတရားရုံးမှာ ဒီနေ့ နှစ်ဖက်လျှောက်လဲချက်ပေးခဲ့ကြပြီး နောက်အပတ်မှာ အမိန့်ချမှတ်မယ်လို့ အကျိုးဆောင် ရှေ့နေတွေက ပြောပါတယ်။
2021-09-14
စစ်ကိုင်းတိုင်းထဲက ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီးနဲ့ ပုလဲမြို့နယ်တွေနဲ့ မကွေးတိုင်းထဲက တောင်တွင်းကြီး မြို့နယ်အပါအဝင် မြန်မာပြည် အလယ်ပိုင်းနဲ့ အထက်ပိုင်းက မြို့နယ်အချို့မှာ စက်တင်ဘာလ ၁၄ ရက် ဒီကနေ့ နေ့လယ်ကစပြီး ဆက်သွယ်ရေးအော်ပရေတာ အားလုံးရဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်သွားပြီလို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
2021-09-14
မကွေးတိုင်း၊ မကွေးမြို့က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) တိုင်းရုံးအနားမှာ စက်တင်ဘာလ ၁၄ ရက် ဒီနေ့မနက် ၈ နာရီကျော်လောက်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ငါးနှစ်အရွယ်ကလေးတစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အနီးအနားမှာရှိတဲ့ ဒေသခံတွေက ပြောပါတယ်။
2021-09-14
စစ်ကိုင်းတိုင်း၊ မြောင်မြို့နဲ့ ၁၂ မိုင်အကွာမှာရှိတဲ့ ကျောက်ရစ်ကျေးရွာမှာ စက်တင် ဘာလ ၁၂ ရက်နေ့ ညပိုင်းက လူနေအိမ်ငါးလုံး မီးရှို့ခံလိုက်ရတယ်လို့ မြောင်မြို့နယ် ဒေသခံတွေက RFA ကို ဒီကနေ့မှာ ပြောပါတယ်။
2021-09-14
မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ ငါးဘတ်အိုင်ကျေးရွာရဲ့ အနောက်ဘက်မှာရှိတဲ့ Mytel တာဝါတိုင်က ကေဘယ်ကြိုးတွေကို စက်တင်ဘာလ ၁၃ ရက် မနေ့ နေ့လယ်ပိုင်းက မီးရှို့ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-14
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ အိုးပေါက်ကျေးရွာသား ဒေသခံပြည်သူ ငါးဦးကို စက်တင်ဘာလ ၁၃ ရက် မနေ့က Mytel တာဝါတိုင် ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
2021-09-13
ကုလသမဂ္ဂ အထွေထွေညီလာခံကို စစ်ကောင်စီဘက်က ကိုယ်စားလှယ် တက်ခွင့်မရအောင် တားဆီးထားဖို့ အမေရိကန်နဲ့ တရုတ်အကြား ဆွေးနွေး သဘောတူလိုက်ကြတယ်လို့ အမေရိကန်အခြေစိုက် Foreign Policy နိုင်ငံခြားရေးမူဝါဒမဂ္ဂဇင်းက ရေးသား လိုက်ပါတယ်။
2021-09-13
စက်တင်ဘာလ ၁၃ရက်နေ့ မနေ့ကစတင် ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ညီလာခံမှာ တက်ရောက်လာတဲ့ နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေက ကိုယ်စားလှယ် အားလုံးနီးပါးဟာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်ကြောင်း ပြောသွားကြပြီး၊ လူ့အခွင့်ရေးကောင်စီကနေ ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရား IIMM အဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ အားပေးထောက်ခံကြောင်း ပြောသွားတာ တွေ့ရပါတယ်။
2021-09-13
တရုတ်အစိုးရက ယူနန်ပြည်နယ်နဲ့ မြန်မာနယ်စပ်မှာ နှစ်နိုင်ငံလူတွေရော ကုန်ပစ္စည်းတွေကူးလူး ဆက်ဆံမှုကိုပါ ထိန်းချုပ်ဖို့ မြေမြှုပ်မိုင်းတွေ ထောင်ထားခဲ့ပြီး၊ အခုတော့ ခြံစည်းရိုး ကာနေတဲ့အတွက် အဲဒီမိုင်းတွေက စပြီးရှင်းနေပြီလို့ သိရပါတယ်။
2021-09-13
နိုင်ငံတကာ မျက်နှာစာမှာ စစ်ကောင်စီအတွက် ကိုယ်စားပြုမယ့် ကိုယ်စားလှယ် မရှိစေရဘူးလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြော ဆိုလိုက်ပါတယ်။
2021-09-13
စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကနေ မြန်မာပြည်သူလူထုကို ကူညီကာကွယ်ပေးဖို့ အတွက် နိုင်ငံတကာအသိုင်းအဝိုင်းကို အားကိုးလို့မရတော့ဘူးလို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG ) က စက်တင်ဘာလ ၁၃ ရက် ဒီကနေ့မှာ ကြေညာလိုက်ပါတယ်။
2021-09-13
ချင်းပြည်နယ် ထန်တလန်မြို့နယ် လုံလဲရ်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်လိုက်နိုင်တယ်လို့ ချင်းကာကွယ်ရေးအဖွဲ့ CDF က ဒီနေ့ပြောပါတယ်။ ဒီတိုက်ပွဲတွေနဲ့ ဆက်နွယ်ပြီးတော့ အခုရက်ပိုင်းတွေအတွင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ထဲ ကို လူပေါင်း တစ်ထောင်လောက် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ချင်းလူ့အခွင့်အရေးအဖွဲ့က ပြော ပါတယ်။
2021-09-13
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ပင်တင်းကျေးရွာက စစ်ကောင်စီသတင်းပေး ပျူ စောထီးအဖွဲ့ဝင်လို့ နာမည်ကြီးသူ ဦးစောထွန်းနိုင်ဟာ စက်တင်ဘာလ ၁၂ ရက် မနေ့ညနေ ၄ နာရီခွဲအချိန်က ပင်တင်းကျေးရွာလမ်းပေါ်မှာ သေနတ်ဒဏ်ရာ၊ ဓားဒဏ်ရာတွေနဲ့ သေဆုံးသွားပါတယ်။